ကျိုင်းတုံမြို့တွင် Covid-19 ကူးစက်ခံရသူ (၄)ဦး ထပ်တွေ့ရာ မိုင်းဆတ် နှင့် မိုင်းယောင်းမြို့က လာရောက်သူများ ပါဝင်

ကျိုင်းတုံမြို့တွင် Covid-19 ကူးစက်ခံရသူ (၄)ဦး ထပ်တွေ့ရာ မိုင်းဆတ် နှင့် မိုင်းယောင်းမြို့က လာရောက်သူများ ပါဝင်
စက်တင်ဘာ 29, 2022 | Covid-19| ရှမ်းရှေ့

 ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့တွင် ယနေ့ စက်တင်ဘာလ(၂၉)ရက်နေ့၏ စစ်ဆေးချက်အရ Covid-19 ကူးစက်ခံရသူ (၄)ဦး ထပ်တိုး တွေ့ရှိရကြောင်း သိရသည်။

အတည်ပြုလူနာနှင့်ထိတွေ့သူများ အပါအဝင် သံသယရှိသူ စုစုပေါင်း (၈၅)ဦးကို စစ်ဆေးရာက တွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။

ယနေ့ ပိုးတွေ့ လူနာ(၄)ဦးတွင် မိုင်းဆတ် နှင့် မိုင်းယောင်းမြို့မှ (၂)ဦးတို့ သည် ကျိုင်းတုံမြို့သို့ ဆေးရုံလာတက်သူများဖြစ်ပြီး ကျန်(၂)ဦးမှာ ကျိုင်းတုံမြို့က ဖြစ်ကြောင်း သိရသည်။

မိုင်းဆတ် နှင့် မိုင်းယောင်းမြို့မှ (၂)ဦးတို့ သည် ကျိုင်းတုံမြို့သို့ ဆေးရုံလာတက်သူများဖြစ်ပြီး ၎င်းတို့သည် ကျိုင်းတုံမြို့ရောက်မှ Covid-19 ကူးစက်ခံရသည်လား မိုင်းဆတ် နှင့် မိုင်းယောင်းမြို့တို့ကနေ ကူးစက်ခံခဲ့ရသည်လားဆိုတာကိုတော့ မသိရသေးပေ။

ကျိုင်းတုံမြို့တွင် ၂၀၂၂ခုနှစ် ဩဂုတ်လ(၁၆)ရက်နေ့ကနေ စက်တင်ဘာလ(၂၉)ရက်နေ့အထိ စစ်ဆေးတွေ့ရှိချက်အရ Covid-19 ကူးစက်ခံရသူ စုစုပေါင်း (၇၃)ဦး ရှိရာ (၁)ဦးမှာ သေဆုံးသွားပြီး လက်ရှိတွင် ကျန်းမာရေးအဖွဲ့၏ စောင့်ကြည့်ခံ (၁၈)ဦး ကျန်ရှိကြောင်း သိရသည်။

တနိုင်ငံလုံး အတိုင်းအတာအနေဖြင့် တစ်နေ့လျှင် Covid-19 ကူးစက်ခံရသူ (၃၀၀)ကျော်မှ (၄၀၀)အကြားထိ တွေ့ရှိနေရသည့်အတွက် ပြည်သူများ အပြင်ထွက် သွားလာသည့်အခါ Mask များ မဖြစ်မနေ ပြန်လည် တပ်ဆင်ကြရန် အသိပေးနေကြသည်ကိုလည်း တွေ့ရသည်။