တာချီလိတ်မြို့တွင်း ဝက်သားထုတ်လုပ် ရောင်းသူများ သတ်မှတ်ကောင်ရေ ပြည့်မီရေးအတွက် ညှိနှိုင်း

တာချီလိတ်မြို့တွင်း ဝက်သားထုတ်လုပ် ရောင်းသူများ သတ်မှတ်ကောင်ရေ ပြည့်မီရေးအတွက် ညှိနှိုင်း
မတ် 11, 2020
By Tachileik News Agency
တာချီလိတ်မြို့တွင်း ဝက်သားထုတ်လုပ် ရောင်းသူများ သတ်မှတ်ကောင်ရေ ပြည့်မီရေးအတွက် ညှိနှိုင်း

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်တွင်း ဝက်သားထုတ်လုပ်ရောင်းချသူများအနေဖြင့် တာချီလိတ်မြို့စည်ပင်သာယာရေးဌာနမှ လစဉ်သတ်မှတ် ပေးထားသည့် ကောင်ရေအတိုင်း အခွန်အပြည့်အဝပေးဆောင်နိုင်ရေးအတွက် ညှိနှိုင်း ဆွေးနွေးနေကြောင်း သိရသည်။

ပထမ (၆) လမှာ ဝက်ရောဂါကြောင့် သားသတ်ကောင်ရေလျော့ပေါ့ပြီး ခွင့်ပြုခဲ့တာ။ သက်တမ်းက ဒီ (၃) လပိုင်း ကုန်ရင်ပြီးပြီ။ လက်ရှိအနေအထားက ပုံမှန်အနေအထား ထိုက်သင့်သလောက်ရောက်လာပြီ။ စားသုံးသူတွေကလည်း ပုံမှန်ဖြစ်ပြီ။ ဝက်ကုန်ကြမ်းရှားပါးမှုကဖြစ်နေတဲ့အတွက် ဒုတိယ (၆) လမှာ ဆက်လက်ဆောင်ရွက် နိုင်ဖို့ ညှိနှိုင်းစည်းဝေးတာပါ။ ပဏာမ အစည်းအဝေးပါပဲ

ဟု တာချီလိတ်မြို့နယ်စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးစိုင်းခွန်ဇော်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ပြောသည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ဝက်သားသတ်လုပ်ငန်း (၁၀) ခုမှ အသားထုတ်လုပ်ရောင်းချခွင့်ပြုခဲ့သူ (၃၃) ဦး အနေဖြင့် လစဉ်ဝက်ကောင်ရေ (၁,၇၁၇) ကောင်ကို လိုင်စင်ရယူထုတ်လုပ်နိုင်ခဲ့သော်လည်း ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် အသားထုတ်လုပ်ရောင်းချခွင့်ပြုခဲ့သူ (၃၁) ဦးမှ လစဉ်ဝက်ကောင်ရေ (၂၄၀) သာအဆိုပြုခဲ့သဖြင့် ခွင့်ပြုခဲ့ရကြောင်း သိရသည်။

တာချီလိတ်မြို့နယ်စည်ပင်သာယာရေးဌာန၊ တာချီလိတ်မြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ဝက်သားထုတ်လုပ်သည့် လုပ်ငန်းရှင်များတွေ့ဆုံဆွေးနွေးရာတွင် လက်ရှိမွေးမြူရေးခြံများမှ ဝက်မွေးမြူမှုများပုံမှန်အနေအထားမရှိသေးသဖြင့် ဝက်ကုန်ကြမ်းရှားပါးနေသဖြင့် ယခင်နှစ်ကကောင်ရေအတိုင်းပေးသွင်းရန်အခက်အခဲရှိနေပြီး လက်ရှိခွင့်ပြုကောင်ရေထက် ပိုမိုပေးသွင်းရန် အဆိုပြုမှုများရှိနေကြေင်းသိရသည်။

တာချီလိတ်မြို့နယ်အတွင်း ၂၀၁၉ ခုနှစ် သြဂုတ်လအတွင်း အာဖရိကဝက်အပျင်းဖျားရောဂါကြောင့် ဝက်သေဆုံးမှုများဖြစ်ပေါ်ခဲ့ပြီး ဝက်သားစားသုံးမှုလည်းလျော့နည်းကျဆင်းလာခဲ့သဖြင့် ဝက်သားသတ်လိုင်စင်များပြန်လည်ချထားပေးနိုင်ရေးအတွက် တာချီလိတ်မြို့နယ်စည်ပင်သာယာရေးကော်မတီနှင့် ဝက်သားထုတ်လုပ်ရောင်းချသူများ အကြိမ်ကြိမ်တွေ့ဆုံညှိနှိုင်းခဲ့ပြီး စက်တင်ဘ (၁၂) ရက်နေ့တွင် လုပ်ငန်းရှင်များဘက်မှ တင်ပြသည့် တစ်လ ဝက်ကောင်ရေ (၂၄၀) ကို အတည်ပြုခဲ့ပြီး ရှမ်းပြည်နယ်စည်ပင်သာယာရေးကော်မတီသို့ ထူးခြားဖြစ်စဉ်အဖြစ်တင်ပြခဲ့ရာတွင် ပြည်နယ်မှ နိုဝင်ဘာ (၉) ရက်နေ့တွင် ခွင့်ပြုပေးခဲ့ခြင်းဖြစ်သည်။

တာချီလိတ်မြို့နယ်စည်ပင်သာယာရေးဌာန အနေဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွက် ဝက်သားသတ်လုပ်ငန်းမှ တစ်နှစ်စာ ဝက်ကောင်ရေ (၂၀,၆၀၄) ကောင်အတွက် ခေါင်းခွန်၊ အသားခွန် ကျပ်ငွေ (၅၅၀၁.၂၆၈) သိန်းရရှိမည်ဖြစ်သော်လည်း ထူးခြားဖြစ်စဉ်ကြောင့် အဆိုပြု တစ်နှစ်စာဝက်ကောင်ရေ (၂,၈၈၀) ကောင်အတွက် ခေါင်းခွန်၊ အသားခွန် ကျပ်ငွေ (၇၆၈.၉၆) သိန်းသာ ရရှိမည့် အခြေအနေဖြစ်ပေါ်နေကြောင်း သိရသည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်
ဓါတ်ပုံ - တာချီလိတ် စည်ပင်

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~