ထိုင်းနိုင်ငံတွင်း အကြောင်းမျိုးမျိုးကြောင့် ဖမ်းဆီးခံရသူ (၄)ဦးကို တာချီလိတ်သို့ လွှဲပြောင်းလာ

မတ် 9, 2020
By Tachileik News Agency

ထိုင်းနိုင်ငံတွင်း အကြောင်းမျိုးမျိုးကြောင့် ဖမ်းဆီးခံရသူ (၄)ဦးကို တာချီလိတ်သို့ လွှဲပြောင်းလာ

ထိုင်းနိုင်ငံတွင် အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးခံထားရသည့် မြန်မာနိုင်ငံသား (၄)ဦးကို ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့သို့ ၂၀၂၀ ခုနှစ်၊ မတ်လ (၉) ရက်နေ့တွင် လာရောက်လွှဲပြောင်းပေးသည်။

ရှမ်းပြည်နယ်နှင့် ရန်ကုန်တိုင်းဒေသကြီးတို့မှ အမျိုးသား (၄)ဦးတို့သည် ထိုင်းနိုင်ငံတွင်း တရားမဝင် ဝင်ရောက်မှုဖြင့် အဖမ်းခံခဲ့ကြရခြင်းဖြစ်ပြီး ပြစ်ဒဏ်စေ့ပြီဖြစ်၍ မြန်မာ - ထိုင်းချစ်ကြည်ရေးတံတားအမှတ် (၂) တာချီလိတ်ဘက်ခြမ်းသို့ လာရောက်လွှဲပြောင်းပေးခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ မြန်မာနိုင်ငံသားများကို မယ်ဆိုင်မြို့ လဝကအရာရှိ Somsak Singkham ဦးစီးသည့်အဖွဲ့က လာရောက်လွှဲပြောင်းပေးရာ တာချီလိတ်မှ လဝကမှူး ဦးအောင်ကြည်ဦး ဦးဆောင်သည့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူကုန်တားအဖွဲ့နှင့် CNCMC အဖွဲ့တို့က စိစစ်လက်ခံခဲ့ကြခြင်းဖြစ်သည်။

နေရပ်ပြန်လာသည့် မြန်မာနိုင်ငံသားများကို ကျန်းမာရေးစိစစ်မှုများလုပ်ဆောင်ပြီး ပြန်လည်လက်ခံခဲ့ခြင်းဖြစ်သည်။

Tachileik News Agency
ဓါတ်ပုံ - CNCMC

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~