ကျိုင်းတုံမြို့သို့ Stay at Home မြို့များက လာသူများအပြင် တာချီလိတ် နှင့် တောင်ကြီးမြို့က လာသူများကိုပါ   Quarantine သတ်မှတ်မည်

ကျိုင်းတုံမြို့သို့ Stay at Home မြို့များက လာသူများအပြင် တာချီလိတ် နှင့် တောင်ကြီးမြို့က လာသူများကိုပါ   Quarantine သတ်မှတ်မည်
ဇူလိုင် 5, 2021 | Covid-19| ရှမ်းရှေ့

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့သို့  Stay at Home ဒေသမှ လာသူများအပြင် တာချီလိတ် နှင့် တောင်ကြီးမြို့မှ လာသူများအားလုံး Quarantine နေထိုင်ရမည်ဖြစ်ကြောင်း ဇူလိုင်လ(၅)ရက်နေ့တွင် အသိပေးထားကြောင်း သိရသည်။

ကျိုင်းတုံမြို့သို့ Stay at Home ဒေသမှ လာသူများကို Quarantine နေထိုင်ရန် သတ်မှတ်ထားပြီးဖြစ်သော်လည်း Stay at Home မသတ်မှတ်ရသေးသည့် တောင်ကြီး နှင့် တာချီလိတ်မြို့တွင် Covid-19 ကူးစက်မှု မြှင့်တက်နေသည့်အတွက် Quarantine နေထိုင်ရမည်ဖြစ်ပြီး အခြားဒေသများမှ လာပါကလည်း လာရောက်သည့် ဒေသ၏ Covid-19 ပိုးတွေ့ရှိမှုပေါ် မူတည်ပြီး Quarantine သတ်မှတ်မည်ဟု သိရသည်။

ကျိုင်းတုံမြို့တွင် Quarantine သတ်မှတ်ခံရသူများအနေဖြင့်  Home Quarantine, Hotel Quarantine သို့မဟုတ် Facility Quarantine ရွေးချယ်နိုင်မည် ဖြစ်သော်လည်း ဒေသခံများဖြစ်ပါက Home Quarantine ဦးစားပေးမည်ဖြစ်ပြီး လာရောက်သည့် ဒေသပေါ်မူတည်၍ ဆောင်ရွက်မည်ဟုလည်း သိရသည်။

ကျိုင်းတုံမြို့တွင် Covid-19 တတိယလှိုင်းအတွင်း ၂၀၂၁ခုနှစ် ဇွန်လ (၂၉)ရက်နေ့မှ ဇူလိုင်လ(၅)ရက်နေ့အထိ Covid-19 ကူးစက်ခံထားရသူ အမျိုးသမီး (၆)ဦး နှင့် အမျိုးသား (၃)ဦး စုစုပေါင်း (၉)ဦး အထိ ရှိနေကြောင်း သိရသည်။