တာချီလိတ်ရှိ နယ်စပ်ပေါက်များကို ပိတ်ထားသည့် ကာလအတွင်း တရားမဝင် ဝင်ရောက်လာသူများကို စစ်ဆေးတွေ့ရှိပါက ဖမ်းဆီးပို့ဆောင်မှုများ ဆက်လက်ပြုလုပ်မည်ဟု ထိုင်းဘက်ကဆို

တာချီလိတ်ရှိ နယ်စပ်ပေါက်များကို ပိတ်ထားသည့် ကာလအတွင်း တရားမဝင် ဝင်ရောက်လာသူများကို စစ်ဆေးတွေ့ရှိပါက ဖမ်းဆီးပို့ဆောင်မှုများ ဆက်လက်ပြုလုပ်မည်ဟု ထိုင်းဘက်ကဆို
မတ် 22, 2020
By Tachileik News Agency
တာချီလိတ်ရှိ နယ်စပ်ပေါက်များကို ပိတ်ထားသည့်  ကာလအတွင်း တရားမဝင် ဝင်ရောက်လာသူများကို စစ်ဆေးတွေ့ရှိပါက ဖမ်းဆီးပို့ဆောင်မှုများ ဆက်လက်ပြုလုပ်မည်ဟု ထိုင်းဘက်ကဆို

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ရှိ နယ်စပ်ဝင်ပေါက်များမှ လူအဝင်အထွက်ကို ထိုင်းနိုင်ငံဘက်က ၂၀၂၀ ခုနှစ်၊ မတ်လ (၂၃)ရက်နေ့မှစ၍ ပိတ်ထားသည့်ကာလအတွင်း ထိုင်းနိုင်ငံဘက်သို့ တရားမဝင် ဝင်ရောက်သူများအား ဖမ်းဆီးပြီး မြန်မာဘက်ပြန်လည်ပို့ဆောင်ခြင်းကို ဆက်လက်လုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။

သူတို့ပြောသွားတာကတော့ အဝင်အထွက်ပိတ်ထားတာဆိုတော့ ခိုးဝင်လာတာတွေရှိရင် ဖမ်းဆီးတာကတော့ ဆက်လုပ်မယ်လို့ ပြောတယ်။ ဖမ်းမိသူတွေကိုလည်း ပြန်ပို့ဖို့ ဒီဘက်နဲ့ဆက်သွယ်ညှိနှိုင်းပြီး တံတား (၂)ကနေ ပြန်ပို့မယ်လို့ပြောတယ်။ သူတို့လည်း ရောဂါထိန်းဖို့လုပ်နေရတာဆိုတော့ အချုပ်ထဲ လူများများမထားဘဲ ပြန်ပို့မယ်ပြောသွားတယ်

ဟု တာချီလိတ်မှ တရားမဝင်ရွှေ့ပြောင်းအလုပ်သမားများပြန်လည်လက်ခံရေး ပူးပေါင်းကော်မတီဝင်တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ၂၀၂၀ ခုနှစ်၊ မတ်လ (၂၂)ရက်နေ့တွင် ပြောသည်။

တာချီလိတ်ဘက်ရှိ နယ်စပ်ဝင်ထွက်ပေါက်များအားလုံးမှ လူအဝင်အထွက်များကို ထိုင်းနိုင်ငံဘက်တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်နေမှုကြောင့် ၂၀၂၀ ခုနှစ်၊ မတ်လ (၂၃)ရက်နေ့ နံနက်မှစ၍ လုံးဝပိတ်ထားမည်ဖြစ်ပြီး ကုန်စည်တင်ပို့မှုကိုသာ လက်ခံသွားတော့မည်ဖြစ်သည်။

အဝင်အထွက်က ပိတ်ထားတော့ အကယ်၍ ဝင်လာတာတွေ့ရင် သူတို့က စစ်ဆေးတာတွေ၊ ခိုးဝင်လာရင် ဖမ်းတာတွေ ဆက်လုပ်မယ်လို့ မယ်ဆိုင်ဘက် လဝက ကတော့ ပြောသွားတယ်

ဟု မယ်ဆိုင်ဘက်မှ လွှဲပြောင်းလာသည့် မြန်မာလုပ်သားများ လက်ခံရေးတွင် ကူညီဆောင်ရွက်နေသည့် CNCMC မှ ဦးထွန်းနိုင်ဦးက ပြောသည်။

ထိုင်းနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်အတည်ပြုလူနာမှာ နေ့စဉ်နှင့်အမျှ တိုးလာနေသဖြင့် ရောဂါမပျံ့နှံ့စေရန် နယ်စပ်အဝင်အထွက်များကို ပိတ်လိုက်ခြင်းဖြစ်သည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~