တာချီလိတ်တွင် ကိုယ်ပူချိန်မြင့်ကြောင်း သတင်းထွက်ပေါ်သည့် ထိုင်းနိုင်ငံသူ (၂)ဦးကို မယ်ဆိုင်သို့ ပြန်ပို့

တာချီလိတ်တွင် ကိုယ်ပူချိန်မြင့်ကြောင်း သတင်းထွက်ပေါ်သည့် ထိုင်းနိုင်ငံသူ (၂)ဦးကို မယ်ဆိုင်သို့ ပြန်ပို့
မတ် 24, 2020
By Tachileik News Agency

တာချီလိတ်တွင် ကိုယ်ပူချိန်မြင့်ကြောင်း သတင်းထွက်ပေါ်သည့် ထိုင်းနိုင်ငံသူ (၂)ဦးကို မယ်ဆိုင်သို့ ပြန်ပို့

မြန်မာ - ထိုင်းနယ်စပ်ဒေသ တချီလိတ်မြို့ရှိ ဟိုတယ်တစ်ခုမှာ ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး ကိုယ်အပူချိန်မြင့်နေတဲ့ ထိုင်းနိုင်ငံသူ(၂)ဦးရှိနေကြောင်း ကျန်းမာရေးက သတင်းရရှိတဲ့အတွက် ၂၀၂၀ခုနှစ် မတ်လ(၂၄)ရက်နေ့က သွားရောက် တိုင်းတာစစ်ဆေးပြီးနောက် မတ်လ(၂၄)ရက်နေ့မှာ မြန်မာ - ထိုင်း နှစ်ဖက်တာဝန်ရှိသူများ ညှိနှိုင်းပြီး မယ်ဆိုင်ဘက်ကို မတ်လ(၂၄)ရက်နေ့ နံနက်(၁၀)နာရီအချိန်မှာ ကျန်းမာရေးက ပို့ဆောင်ပေးလိုက်ပါတယ်။

ထိုင်းနိုင်ငံသူ (၂)ဉီးရဲ့ ကိုယ်အပူချိန်မှာ မတ်လ(၂၄)ရက်နေ့ နံနက်ပိုင်းမှာ တိုင်းတာချက်အရ တစ်ယောက်က (၃၆.၆)နဲ့ နောက်တစ်ယောက်က (၃၆.၈)ဒီဂရီစတီဂရိတ်သာရှိပြီး အဖျားမရှိကြောင်းသိရပါတယ်။

ကျန်းမာရေးရဲ့ မတ်လ(၂၃)ရက်နေ့ စစ်ဆေးချက်အရ အဖျားမရှိ ကိုယ်အပူချိန်မြင့်နေတာကိုလည်း မတွေ့ရှိရပေမဲ့လည်း  ဟိုတယ်သီးသန့်ခန်းမှာ (၁၄)ရက် စောင့်ကြည့်ထားရန် ဆုံးဖြတ်ထားပေမဲ့လည်း ကာယကံရှင်များရဲ့ ဆန္ဒနဲ့အတူ နှစ်ဖက်ညှိနှိုင်းမှုကြောင့် ပြန်လည်ပို့ဆောင်ပေးလိုက်ခြင်း ဖြစ်ပါတယ်။

Tachileik News Agency
ရိုက်ကူး/တင်ဆက် - ကိုဇောင်း


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~