တာခ်ီလိတ္စည္ပင္၏ အရပ္ရပ္အခြင့္အေရးလုိင္စင္ (၂၈)ခုအနက္ (၂၃)ခုကို က်ပ္သိန္းေပါင္း (၂၉၀၀)ေက်ာ္ျဖင့္ ေရာင္းခ်

တာခ်ီလိတ္စည္ပင္၏ အရပ္ရပ္အခြင့္အေရးလုိင္စင္ (၂၈)ခုအနက္ (၂၃)ခုကို က်ပ္သိန္းေပါင္း (၂၉၀၀)ေက်ာ္ျဖင့္ ေရာင္းခ်
သြဂုတ် 27, 2019
By 🌸
ရွမ္းျပည္နယ္(အေရွ႕ပုိင္း) တာခ်ီလိတ္ၿမိဳ႕တြင္ ၿမိဳ႕နယ္စည္ပင္သာယာေကာ္မတီ၏ အရပ္ရပ္အခြင့္အေရး လိုင္စင္မ်ား ေလလံတင္ျခင္းကို ၂၀၁၉ ခုႏွစ္၊ ၾသဂုတ္လ (၂၇)ရက္ေန႔ကလုပ္ေဆာင္ရာ လုပ္ငန္း (၂၃)ခုမွ က်ပ္သိန္းေပါင္း(၂၉၆၃.၅၈)ျဖင့္ ေလလံရရိွသြားသည္။

စည္ပင္သာယာေရးဌာန၏ အရပ္ရပ္အခြင့္အေရးလုိင္စင္ (၂၈) ခုအနက္ လုပ္ငန္း(၂၃)ခုကို ေလလံ ေရာင္းခ်နုိင္ခဲ့ျခင္းျဖစ္ၿပီး အသားထုတ္လုပ္ေရာင္းခ်သူမ်ားအတြက္ လုိင္စင္မ်ားကိုလည္း ၾသဂုတ္လ (၂၈)ရက္ေန႔တြင္ လိုင္စင္ထုတ္ေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

"မနက္ျဖန္ ေလလံေတာ့ မဟုတ္ဘူး။ သားသတ္သမားေတြကို အသားထုတ္လုပ္ခြင့္လက္မွတ္ ထုတ္ေပးမယ္။ မနက္ (၁၀) နာရီေလာက္မွာ စည္ပင္ရံုးမွာ ထုတ္ေပးမွာပါ”ဟု တာခ်ီလိတ္ၿမို႕နယ္ စည္ပင္သာယာေရး ေကာ္မတီ အမႈေဆာင္အရာရိွ ဦးစိုင္းခြန္ေဇာ္ဦးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

တာခ်ီလိတ္ၿမိဳ႕နယ္စည္ပင္သာယာေရးေကာ္မတီက၂၀၁၉-၂၀၂၀ ဘ႑ာေရးႏွစ္ အရပ္ရပ္အခြင့္အေရး လိုင္စင္မ်ားကို ေအာင္ျမတ္ခန္းမတြင္ ေလလံတင္ေရာင္းခ်ရာ ရန္ေအာင္ေျမေဟာင္လိတ္အေပါင္ဆုိင္၊ မကာဟိုခမ္းအေပါင္ဆုိင္ (၂)၊ ဝိန္းေက်ာက္အေပါင္ဆုိင္၊ ဖန္မင္ေစ်းေကာက္၊ အေဝးေျပးကားႀကီးဘီးေကာက္၊ တာေလာ့ေစ်းပ်ံက်ေစ်းေကာက္၊ တာေလာ့ေစ်းေရအိမ္၊ တာေလာ့ေစ်းယာဥ္ေစာင့္၊ မယ္ေခါင္အေပါင္ဆုိင္၊ ဆန္ဆိုင္း(က)အေပါင္ဆုိင္(၁)၊ ဆန္ဆုိင္း(က)အေပါင္ဆုိင္(၂)၊ ဝမ္ေကာင္းအေပါင္ဆုိင္(၁)၊ ဝမ္ေကာင္းအေပါင္ဆုိင္(၂)၊ ဝမ္ေကာင္းအေပါင္ဆုိင္(၃)၊ ပုန္းထြန္အေပါင္ဆုိင္(၁)၊ ပုန္းထြန္အေပါင္ဆုိင္(၂)တို႔ကို ၾသဂုတ္လ (၂၇)ရက္ေန႔တြင္ ေလလံတင္ေရာင္းခ်ႏုိင္ခဲ့ျခင္းျဖစ္သည္။

ေလလံတင္ထားသည့္ လုပ္ငန္း (၂၈)ခုအနက္ ၿမိဳ႕ဝင္ေၾကးဘီးေကာက္(မုိင္းဆတ္)၊ ၿမိဳ႕ဝင္ေၾကးဘီးေကာက္(ျပည္တြင္း)၊ ၿမိဳ႕မေစ်းပ်ံက်ေစ်းေကာက္၊ ၿမိဳ႕မေစ်းေရအိမ္၊ ၿမိဳ႕မေစ်းစက္ဘီးဆုိင္ကယ္အပ္ႏွံျခင္း၊ ပါဆတ္ေရခ်ိဳးခန္းအိမ္သာလုပ္ငန္းတုိ႔ကို သက္တမ္းတိုးေပးထားၿပီးျဖစ္သည္။

သတင္း၊ဓါတ္ပံု #ဟန္စိုးထုိက္

~~~~~~~~⊰❂ Unicode Version ~~~~~~~~
တာချီလိတ်စည်ပင်၏ အရပ်ရပ်အခွင့်အရေးလိုင်စင် (၂၈)ခုအနက် (၂၃)ခုကို ကျပ်သိန်းပေါင်း (၂၉၀၀)ကျော်ဖြင့် ရောင်းချ
**************
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် မြို့နယ်စည်ပင်သာယာကော်မတီ၏ အရပ်ရပ်အခွင့်အရေး လိုင်စင်များ လေလံတင်ခြင်းကို ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၂၇)ရက်နေ့ကလုပ်ဆောင်ရာ လုပ်ငန်း (၂၃)ခုမှ ကျပ်သိန်းပေါင်း(၂၉၆၃.၅၈)ဖြင့် လေလံရရှိသွားသည်။

စည်ပင်သာယာရေးဌာန၏ အရပ်ရပ်အခွင့်အရေးလိုင်စင် (၂၈) ခုအနက် လုပ်ငန်း(၂၃)ခုကို လေလံ ရောင်းချနိုင်ခဲ့ခြင်းဖြစ်ပြီး အသားထုတ်လုပ်ရောင်းချသူများအတွက် လိုင်စင်များကိုလည်း သြဂုတ်လ (၂၈)ရက်နေ့တွင် လိုင်စင်ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

"မနက်ဖြန် လေလံတော့ မဟုတ်ဘူး။ သားသတ်သမားတွေကို အသားထုတ်လုပ်ခွင့်လက်မှတ် ထုတ်ပေးမယ်။ မနက် (၁၀) နာရီလောက်မှာ စည်ပင်ရုံးမှာ ထုတ်ပေးမှာပါ”ဟု တာချီလိတ်မြို့နယ် စည်ပင်သာယာရေး ကော်မတီ အမှုဆောင်အရာရှိ ဦးစိုင်းခွန်ဇော်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်မြို့နယ်စည်ပင်သာယာရေးကော်မတီက၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် အရပ်ရပ်အခွင့်အရေး လိုင်စင်များကို အောင်မြတ်ခန်းမတွင် လေလံတင်ရောင်းချရာ ရန်အောင်မြေဟောင်လိတ်အပေါင်ဆိုင်၊ မကာဟိုခမ်းအပေါင်ဆိုင် (၂)၊ ဝိန်းကျောက်အပေါင်ဆိုင်၊ ဖန်မင်ဈေးကောက်၊ အဝေးပြေးကားကြီးဘီးကောက်၊ တာလော့ဈေးပျံကျဈေးကောက်၊ တာလော့ဈေးရေအိမ်၊ တာလော့ဈေးယာဉ်စောင့်၊ မယ်ခေါင်အပေါင်ဆိုင်၊ ဆန်ဆိုင်း(က)အပေါင်ဆိုင်(၁)၊ ဆန်ဆိုင်း(က)အပေါင်ဆိုင်(၂)၊ ဝမ်ကောင်းအပေါင်ဆိုင်(၁)၊ ဝမ်ကောင်းအပေါင်ဆိုင်(၂)၊ ဝမ်ကောင်းအပေါင်ဆိုင်(၃)၊ ပုန်းထွန်အပေါင်ဆိုင်(၁)၊ ပုန်းထွန်အပေါင်ဆိုင်(၂)တို့ကို သြဂုတ်လ (၂၇)ရက်နေ့တွင် လေလံတင်ရောင်းချနိုင်ခဲ့ခြင်းဖြစ်သည်။

လေလံတင်ထားသည့် လုပ်ငန်း (၂၈)ခုအနက် မြို့ဝင်ကြေးဘီးကောက်(မိုင်းဆတ်)၊ မြို့ဝင်ကြေးဘီးကောက်(ပြည်တွင်း)၊ မြို့မဈေးပျံကျဈေးကောက်၊ မြို့မဈေးရေအိမ်၊ မြို့မဈေးစက်ဘီးဆိုင်ကယ်အပ်နှံခြင်း၊ ပါဆတ်ရေချိုးခန်းအိမ်သာလုပ်ငန်းတို့ကို သက်တမ်းတိုးပေးထားပြီး ဖြစ်သည်။

သတင်း၊ဓါတ်ပုံ #ဟန်စိုးထိုက်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net