တာချီလိတ်မြို့ ရှမ်းရိုးမကွင်းတွင် Tachileik New Year Countdown Festival ၏ ကျန်နှစ်ရက်အား Free Show အဖြစ် ဆက်လက်ကျင်းပမည်

တာချီလိတ်မြို့ ရှမ်းရိုးမကွင်းတွင် Tachileik New Year Countdown Festival ၏ ကျန်နှစ်ရက်အား Free Show အဖြစ် ဆက်လက်ကျင်းပမည်
ဇန်နဝါရီ 1, 2020
By Tachileik News Agency

တာချီလိတ်မြို့ ရှမ်းရိုးမကွင်းတွင် Tachileik New Year Countdown Festival ၏ ကျန်နှစ်ရက်အား Free Show အဖြစ်  ဆက်လက်ကျင်းပမည်

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ ရှမ်းရိုးမကွင်းတွင် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၃၁)ရက်နေ့ည၌ ကျင်းပသည့် Tachileik New Year Countdown Festival နှစ်သစ်ကူးကြိုဆိုပွဲတွင် အဆိုတော် မနော၊ ထက်ယံနှင့် တာချီလိတ်မှ A3N Music Band တို့က သီဆိုဖျော်ဖြေကြသည်။

တတိယအကြိမ်မြောက် အ.ထ.က (တာချီလိတ်) ကျောင်းသူ ကျောင်းသားဟောင်းများ ဆရာကန်တော့ပွဲနှင့် မိတ်ဆုံစားပွဲ ရန်ပုံငွေအဖြစ်ကျင်းပသည့် Countdown Festival သို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်း အပါအဝင် ဖိတ်ကြားထားသည့် တာချီလိတ်နှင့် မယ်ဆိုင်တို့မှ ဌာနဆိုင်ရာ တာဝန်ရှိသူများလည်း တက်ရောက်ကြသည်ကို တွေ့ရသည်။

ပွဲတော်အတွင်း အထက(တာချီလိတ်) ကျောင်းသူ ကျောင်းသားဟောင်းများ၏ ဆရာကန်တော့ပွဲ နှင့် မိတ်ဆုံစားပွဲ ရန်ပုံငွေအဖြစ် ရောင်းချပေးထားသည့် ကံစမ်းမဲလက်မှတ်များထဲမှ ကံထူးသူများကိုလည်း မဲစနစ်ဖြင့် ရွေးချယ်ပြီး ဆိုင်ကယ်မဲပေါက်သူအား အထက(တာချီလိတ်)ကျောင်းသူ ကျောင်းသားဟောင်းများအဖွဲ့၏ နာယကဖြစ်သူ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်း က ပေးအပ်ချီးမြှင့်သည်။

ဒုတိယမြောက်နှစ်အဖြစ် ကျင်းပသည့် Tachileik New Year Countdown Festival ၏ ဒုတိယညဖြစ်သည့် ၂၀၂၀ ခုနှစ် ဇန်နဝါရီလ (၁)ရက်နေ့ ညနေ (၆)နာရီ၌ အထက တာချီလိတ်မှ အငြိမ်းစား ဆရာ၊ ဆရာမများကို ပူဇော်ကန်တော့ပွဲနှင့် ညနေပိုင်းတွင် A3N Music Band ၏ Free Show ဖျော်ဖြေပွဲဆက်လက်ကျင်းပမည်ဖြစ်သည်။

ရှမ်းရိုးမကွင်းတွင် Tachileik New Year Countdown Festival ၏ နောက်ဆုံးညဖြစ်သည့် ဇန်နဝါရီလ (၂)ရက်နေ့တွင်လည်း Free Show ဖျော်ဖြေသွားမည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency
ဓါတ်ပုံ - ဟန်စိုးထိုက်၊ ကျော်ဇင်ဟိန်း

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~