ထိုင်းနိုင်ငံမှ တဆင့် တာချီလိတ်သို့ ပြစ်ဒဏ်စေ့ မြန်မာနိုင်ငံသား (၁၄၀) လွှဲပြောင်း

ထိုင်းနိုင်ငံမှ တဆင့် တာချီလိတ်သို့ ပြစ်ဒဏ်စေ့ မြန်မာနိုင်ငံသား (၁၄၀) လွှဲပြောင်း
နိုဝင်ဘာ 13, 2020
By Tachileik News Agency
ထိုင်းနိုင်ငံမှ တဆင့် တာချီလိတ်သို့ ပြစ်ဒဏ်စေ့ မြန်မာနိုင်ငံသား (၁၄၀) လွှဲပြောင်း
ထိုင်းနိုင်ငံတွင် အကြောင်းအမျိုးမျိုးဖြင့် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည့် ပြစ်ဒဏ်စေ့ မြန်မာနိုင်ငံသား (၁၄၀) ဦးကို ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ (၁၃) ရက်နေ့၌ ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့သို့ မြန်မာ - ထိုင်း ချစ်ကြည်ရေးတံတား အမှတ်(၂)မှ တဆင့် လွှဲပြောင်းပေးလာသည်။
ထိုင်းနိုင်ငံက လွှဲပြောင်းပေးလာသည့် မြန်မာနိုင်ငံသား (၁၄၀) ဦးတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)မှ (၈၃) ဦး၊ ရှမ်းပြည်နယ် (တောင်ပိုင်း)မှ (၃၆) ဦး၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)မှ (၈) ဦး၊ ကယားပြည်နယ်မှ (၃) ဦး၊ ဧရာဝတီတိုင်းဒေသကြီးမှ (၆) ဦး၊ စစ်ကိုင်းတိုင်းဒေသကြီးမှ (၁) ဦး၊ တနင်္သာရီတိုင်းဒေသကြီးမှ (၂) ဦးနှင့် မွန်ပြည်နယ်မှ (၁) ဦးပါဝင်ကြောင်း သိရသည်။  
ထိုင်းနိုင်ငံဘက်တွင် အကြောင်းအမျိုးမျိုးဖြင့် ထိန်းသိမ်းခံရသည့် မြန်မာနိုင်ငံသားများ ပြစ်ဒဏ်စေ့ပါက နှစ်နိုင်ငံ ညှိနှိုင်းသဘောတူညီချက်အရ နယ်စပ်မြို့များသို့ ပြန်လည်လွှဲပြောင်းပေးနေခြင်းဖြစ်သည်။
တာချီလိတ်သို့ ထိုင်းဘက်မှ လွှဲပြောင်းပေးလာသည့် ပြစ်ဒဏ်စေ့များကို quarantine center တွင် ထားရှိကာ COVID 19 စစ်ဆေးပြီးမှ နေရပ်ပြန်ပို့ခြင်းဖြစ်သည်။
Tachileik News Agency
သတင်း - ဟန်စိုးထိုက်
ဓါတ်ပုံ - ကျော်ဇင်ဟိန်း




 


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~