ဇွန်လ(၂)ရက်နေ့တွင် ကျရောက်မည့် တာချီလိတ်မြို့ ပုံလို့ဆရာတော်၏ သက်တော်(၄၉)နှစ်ပြည့် ဝိဇာတမွေးနေ့ အလှူတော်မင်္ဂလာပွဲအတွက် ပြင်ဆင်နေ

ဇွန်လ(၂)ရက်နေ့တွင် ကျရောက်မည့် တာချီလိတ်မြို့ ပုံလို့ဆရာတော်၏ သက်တော်(၄၉)နှစ်ပြည့် ဝိဇာတမွေးနေ့ အလှူတော်မင်္ဂလာပွဲအတွက် ပြင်ဆင်နေ
မေ 31, 2019
By Tachileik News Agency


ဇွန်လ(၁)ရက်နေ့တွင် ဝေဿန္တရာတရားဇာတ်တော်ရွတ်ဖတ်ပူဇော်ခြင်း၊ ဗုဒ္ဓမေတ္တာမဟာဗောဓိ မြတ်စွာဘုရားကြီး နှလုံးတော်သွင်းပူဇော်ခြင်း၊ ဗုဒ္ဓဘိသေက ရေသပ္ပာယ်တော်မူခြင်း နှင့် ဗုဒ္ဓမေတ္တာမဟာဗောဓိဘုရား အနေကဇာတင်ခြင်း ပုံလို့စေတီတော်ပူဇော်ခြင်း အစီအစဉ်များကို ၂၀၁၉ခုနှစ် ဇွန်လ(၁)ရက်နေ့တွင် ပြုလုပ်မည်ဖြစ်ပြီး  ဆရာတော်၏ သက်တော် (၄၉)နှစ်ပြည့် ဝိဇာတမွေးနေ့အဖြစ် မွေးနေ့တော်လှူဒါန်းခြင်း ရေစက်သွန်းချ ကုသိုလ်ဝေမျှခြင်းကို ဇွန်လ(၂)ရက်နေ့တွင် ပြုလုပ်မည်ဖြစ်သည်။

ဆရာတော်၏ သက်တော် (၄၉)နှစ်ပြည့် ဝိဇာတမွေးနေ့မင်္ဂလာအလှူတော်အခမ်းအနားအတွက် ရပ်နီးရပ်ဝေးမှ တပည့်ဒယကာ - ဒါယိကာမများမှ လာရောက်၍ ပြင်ဆင်မှုများဖြင့် ကုသိုလ်ယူ ဆောင်ရွက်ပေးနေပြီး ရပ်နီး ရပ်ဝေးမှလည်း လာရောက်နေလျက်ရှိကြောင်း သိရသည်။

Tachileik News Agency



~~~~~~~~⊰❂ Unicode Version ~~~~~~~~

တာချီလိတ်မြို့ လွယ်စတုံသွားရာလမ်းရှိ ပုံလို့တောရကျောင်းတိုက်၏ ဦးစီးပဓာန နာယကဆရာတော် အဘိဝိသေသလဇ္ဇိပေသလ သာသနာလင်္ကာရ၊ မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တပညာစာရ အဂ္ဂဓမ္မ၏ သက်တော် (၄၉)နှစ်ပြည့် မွေးနေ့အဖြစ် ၂၀၁၉ခုနှစ် ဇွန်လ(၂)ရက်နေ့တွင် ကျရောက်မည်ဖြစ်ရာ ဝိဇာတမွေးနေ့ အလှူတော်မင်္ဂလာပွဲအတွက် အဆိုပါ ကျောင်းတိုက်တွင် ပြင်ဆင်နေလျက်ရှိကြောင်း သိရသည်။

ဇွန်လ(၁)ရက်နေ့တွင်ေဝဿန္တရာတရားဇာတ်တော်ရွတ်ဖတ်ပူဇော်ခြင်း၊ ဗုဒ္ဓမေတ္တာမဟာဗောဓိ မြတ်စွာဘုရားကြီး နှလုံးတော်သွင်းပူဇော်ခြင်း၊ ဗုဒ္ဓဘိသေက ရေသပ္ပါယ်တော်မူခြင်း နှင့် ဗုဒ္ဓမေတ္တာမဟာဗောဓိဘုရား အနေကဇာတင်ခြင်း ပုံလို့စေတီတော်ပူဇော်ခြင်း အစီအစဉ်များကို ၂၀၁၉ခုနှစ် ဇွန်လ(၁)ရက်နေ့တွင် ပြုလုပ်မည်ဖြစ်ပြီး ဆရာတော်၏ သက်တော် (၄၉)နှစ်ပြည့် ဝိဇာတမွေးနေ့အဖြစ် မွေးနေ့တော်လှူဒါန်းခြင်း ရေစက်သွန်းချ ကုသိုလေ်ဝမျှခြင်းကို ဇွန်လ(၂)ရက်နေ့တွင် ပြုလုပ်မည်ဖြစ်သည်။

ဆရာတော်၏ သက်တော် (၄၉)နှစ်ပြည့် ဝိဇာတမွေးနေ့မင်္ဂလာအလှူတော်အခမ်းအနားအတွက် ရပ်နီးရပေ်ဝးမှ တပည့်ဒယကာ - ဒါယိကာမများမှ လာရောက်၍ ပြင်ဆင်မှုများဖြင့် ကုသိုလ်ယူ ဆောင်ရွက်ပေးနပြေီး ရပ်နီး ရပေ်ဝးမှလည်း လာရောက်နေလျက်ရှိကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net