တာချီလိတ်မြို့တွင် CDM ကမ်ပိန်း၌ ပါဝင်နေသည့် ဝန်ထမ်းများ ရုံးတက် မတက်စာရင်းကို နေ့စဉ် တင်ပြရန် ထွေအုပ်က ညွှန်ကြား

တာချီလိတ်မြို့တွင် CDM ကမ်ပိန်း၌ ပါဝင်နေသည့် ဝန်ထမ်းများ ရုံးတက် မတက်စာရင်းကို နေ့စဉ် တင်ပြရန် ထွေအုပ်က ညွှန်ကြား
ဖေဖော်ဝါရီ 15, 2021 | နိုင်ငံရေး| ရှမ်းရှေ့

စစ်အာဏာရှင်စနစ်ကို လက်မခံသည့် ပြည်သူ့ဝန်ထမ်းများက Civil Disobedience Movement ( CDM ) ပြုလုပ်နေကြရာ ရုံးဌာနအသီးသီးမှ CDM တွင် ပါဝင်သည့် ဝန်ထမ်းများစာရင်းကိုကောက်ယူရန် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်အတွင်း ၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁၁) ရက်နေ့ကစ၍ ညွှန်ကြားလုပ်ဆောင်နေကြောင်း သိရသည်။

ရုံးမတက်သည့် ဝန်ထမ်းစာရင်းများကို နေ့စဉ် နံနက် (၉)နာရီတိုင်း တင်ပြကြရမည်ဖြစ်ကြောင်း ညွှန်ကြားထားခြင်း ဖြစ်သည်။ တရားဝင်အစိုးရတစ်ရပ်အား စစ်တပ်က ဖေဖေါ်ဝါရီလ (၁) ရက်နေ့တွင် ဖြုတ်ချပြီး အာဏာ သိမ်းလိုက်သဖြင့် စစ်အာဏာရှင်စနစ်ကို လက်မခံသည့် ပြည်သူ့ဝန်ထမ်းများက Civil Disobedience Movement ကို လုပ်ဆောင်နေကြခြင်းဖြစ်ရာ အဆိုပါဝန်ထမ်းများအား နည်းမျိုးစုံဖြင့် ဖိအားပေးခြင်းများလည်း ရှိလာနေခြင်းဖြစ်သည်။

 

စစ်အာဏာရှင်စနစ်ကို လက်မခံသည့်ပြည်သူများကလည်း ဝန်ထမ်းများ၏ Civil Disobedience Movement အောင်မြင်ရေးအတွက် ပံ့ပိုးကူညီမှုများကိုလည်း လုပ်ဆောင်နေကြသည်ကို တွေ့ရသည်။

 

Tachileik News Agency