COVID 19 ကာကွယ်ရေးအတွက် တာချီလိတ်ရှိ တံတား (၁)နဲ့(၂)ကို ပိုးသတ်ဆေးဖြန်း

COVID 19 ကာကွယ်ရေးအတွက် တာချီလိတ်ရှိ တံတား (၁)နဲ့(၂)ကို ပိုးသတ်ဆေးဖြန်း
မတ် 26, 2020
By Tachileik News Agency
COVID 19 ကာကွယ်ရေးအတွက် တာချီလိတ်ရှိ တံတား (၁)နဲ့(၂)ကို ပိုးသတ်ဆေးဖြန်း

မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့ရဲ့ အဓိက နယ်စပ်ဝင်ပေါက် ထွက်ပေါက်ဖြစ်တဲ့ ချစ်ကြည်ရေး အမှတ် (၁)တံတား နဲ့ အမှတ်(၂)တံတားပေါ်မှာ ကိုရိုနာဗိုင်းရပ်စ် ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ၂၀၂၀ခုနှစ် မတ်လ(၂၅)ရက်နေ့ ညပိုင်းက တာချီလိတ်ခရိုင်/မြို့နယ်စီမံခန့်ခွဲမှု ကော်မတီရဲ့ ညွှန်ကြားချက်နဲ့ ကျန်းမာရေးနဲ့မီးသတ်တပ်ဖွဲ့တို့ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့က ပိုးသတ်ဆေးရေတွေ ဖြန်းပေးခဲ့ကြပါတယ်။

တာချီလိတ်ရှိ ချစ်ကြည်ရေးအမှတ်(၁)တံတားကို မတ်လ(၂၃)ရက်နေ့က စတင်ပြီး ကိုရိုနာဗိုင်းရပ်အခြေအနေကြောင့် မယ်ဆိုင်ဘက်က  ယာယီပိတ်လိုက်တာဖြစ်ပေမဲ့ မတ်လ(၂၃)ရက်နေ့ကနေ  (၂၅)ရက်နေ့အထိ (၃)ရက်တိတိ ထိုင်းနိုင်ငံရောက် တရားဝင်မြန်မာအလုပ်သမား (၁၂၀၀)ကျော် ပြန်လည်ဝင်ရောက်လာခဲ့တာကြောင့်လည်းဖြစ်သလို တံွတားမပိတ်ခင်က ဆေးမမြန်းရသေးတာကြောင့်မလို အခုလို ဆေးဖြန်းကြတာဖြစ်ပါတယ်။

အဲ့လိုပဲ တာချီလိတ်ရှိ မြန်မာ - ထိုင်းချစ်ကြည်ရေး အမှတ်(၂)တံတားမှာလည်း ရောဂါထိန်းချုပ်ကွယ်ရေးအတွက် ဆေးဖြန်ခဲ့ကြပါတယ်

Tachileik News Agency
တင်ဆက် - ကိုဇောင်း
သတင်းရိုက်ကူး - ကျော်ဇင်ဟိန်း


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~