လာအိုလျှပ်စစ်မီး သုံးစွဲနေရသည့် တာလေနှင့်ကျိုင်းလပ်မြို့တို့တွင် မတ်လ(၂)ရက်နေ့ တစ်နေကုန် လျှပ်စစ်မီး ပြတ်တောက်မည်

လာအိုလျှပ်စစ်မီး သုံးစွဲနေရသည့် တာလေနှင့်ကျိုင်းလပ်မြို့တို့တွင် မတ်လ(၂)ရက်နေ့ တစ်နေကုန် လျှပ်စစ်မီး ပြတ်တောက်မည်
မတ် 1, 2021 | ရှမ်းရှေ့

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်အတွင်းဖြစ်သည့် တာလေမြို့ နှင့် ကျိုင်းလပ်မြို့တို့တွင် လျှပ်စစ်မီးလိုင်းပြုပြင်ပြောင်းလဲမှုများ ပြုလုပ်မည်ဖြစ်သည့်အတွက် ၂၀၂၁ခုနှစ် မတ်လ(၂)ရက်နေ့ တစ်နေကုန် လျှပ်စစ်မီး ပြတ်တောက်မည်ဖြစ်ကြောင်း တာလေ/ကျိုင်းလပ် မီးလင်းရေးရုံးက အသိပေးထားရှိသည်။ 

လျှပ်စစ်မီးလိုင်းပြုပြင် နေစဉ်အတွင်း အန္တရာယ်ကင်းရေးအတွက် မတ်လ(၂)ရက်နေ့ နံနက်(၉)နာရီမှ နေ့လည်(၃)နာရီအထိ လျှပ်စစ်မီးပြတ်တောက်မည်ဖြစ်ပြီး လုပ်ငန်းအမြန်ဆုံးပြီးပါက လျှပ်စစ်မီးကို အစောဆုံးလွှတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။



တာချီလိတ်ခရိုင်အတွင်းဖြစ်သည့် တာချီလိတ်မြို့တွင် ထိုင်းနိုင်ငံမှ လျှပ်စစ်မီးကို အသုံးပြုနေပြီး တာလေမြို့နှင့်ကျိုင်းလပ်မြို့တို့တွင် လာအိုနိုင်ငံမှ လျှပ်စစ်မီးကို အသုံးပြုနေရခြင်းဖြစ်ကာ လျှပ်စစ်မီးပြတ်တောက်မှုများနှင့်ပတ်သက်၍ ယခုလို ပြုပြင်ရန်ရှိသည့်အခါ လျှပ်စစ်မီးပြတ်တောက်မည်ကို ကြိုတင်သိရှိနိုင်မည်ဖြစ်သော်လည်း သဘာဝဘေးနှင့်မတော်တဆမှုများကြောင့် လျှပ်စစ်မီး ပြတ်တောက်သည်ကိုတော့ ကြိုတင်သိရှိနိုင်မည်မဟုတ်ကြောင်း သိရသည်။



Tachileik News Agency