မန္တလေးတွင် အာဏာသိမ်းစစ်တပ်၏အဖွဲ့က ရပ်ကွက်တွင်း ပစ်ခတ်မှုကြောင့် အမျိုးသား (၁) ဦး သေနတ်မှန်သေဆုံး

မန္တလေးတွင် စစ်တပ်နှင့် ရဲအဖွဲ့ က ရပ်ကွက်တွင်း ပစ်ခတ်မှုကြောင့် သေဆုံးသွားသည့်အမျိုးသား
မန္တလေးတွင် စစ်တပ်နှင့် ရဲအဖွဲ့ က ရပ်ကွက်တွင်း ပစ်ခတ်မှုကြောင့် သေဆုံးသွားသည့်အမျိုးသား
မန္တလေးတွင် အာဏာသိမ်းစစ်တပ်၏အဖွဲ့က ရပ်ကွက်တွင်း ပစ်ခတ်မှုကြောင့် အမျိုးသား (၁) ဦး သေနတ်မှန်သေဆုံး
By Tachileik News Agency

မန္တလေးမြို့  မြရည်နန္ဒာရပ်ကွက်တွင် ၂၀၂၁ ခုနှစ် မတ်လ (၅) ရက်နေ့ နေ့လယ် ၁၂ နာရီကျော်တွင် အင်ဂျင်နီယာသပိတ်စစ်ကြောင်းလာ၍ဖြိုခွဲသည့် အာဏာသိမ်းစစ်တပ်၏ စစ်တပ်နှင့်ရဲအဖွဲ့က ရပ်ကွက်အတွင်း ပစ်ခတ်မှုကြောင့် ရပ်ကွက်တွင်းမှ အသက် (၂၀) အရွယ်လူငယ်အမျိုးသားတစ်ဦး လည်ပင်းတွင် သေနတ်ထိမှန်၍ သေဆုံးသွားရကြောင်း သိရသည်။

 ကျွန်တော်တို့က သပိတ်စစ်ကြောင်းကို ထွက်ကြည့်တာ။ သူတို့လာပြီဆိုတော့ ပြေးရင်းနဲ့မှန်သွားတာ။ သူက ကျွန်တော့်ဘေးမှာ အတူတူပြေးကြတာ

ဟု သေဆုံးသူအမျိုးသားအနီး ရှိနေခဲ့သူက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ယနေ့မနက်ပိုင်းတွင် မန္တလေးအင်ဂျင်နီယာသပိတ်စစ်ကြောင်းက အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြခဲ့ရာ အာဏာသိမ်းစစ်တပ်၏အဖွဲ့က လိုက်လံဖြိုခွင်းရာမှာ သပိတ်ကိုမမှီလိုက်ဘဲ အနီးပတ်ဝန်းကျင်ရှိ ရပ်ကွက်တွင်း သေနတ်ဖြင့်ပစ်ခတ်သွားခဲ့သည်ဟု ရပ်ကွက်နေပြည်သူများထံမှ သိရသည်။

စစ်တပ်က ဖေဖေါ်် ဝါရီလ (၁) ရက်နေ့တွင် နိုင်ငံတော်အာဏာသိမ်းလိုက်သဖြင့် စစ်အာဏာသိမ်းမှုကို လက်မခံသည့် နိုင်ငံတဝန်းမှ ပြည်သူများက ငြိမ်းချမ်းစွာဆန္ဒဖေါ်််ထုတ်ခြင်းအား စစ်တပ်နှင့်ရဲတပ်ဖွဲ့တို့က အကြမ်းဖက်ပစ်ခတ်ခြင်းများလုပ်ဆောင်နေ၍ လက်နက်မဲ့အရပ်သား (၅၀)ထက်မနည်း သေဆုံးခဲ့ရပြီဖြစ်သည်။

Tachileik News Agency