ရန်ကုန်တိုင်းဒေသကြီးအတွင်း Covid-19 ကုသ စောင့်ရှောက်မှုလုပ်ငန်းများအတွက် မကွေးတိုင်းဒေသကြီးမှ အထူးကုဆရာဝန်များ အပါအဝင် ကျန်းမာရေးဝန်ထမ်း (၅၃)ဦး စေလွှတ်ထား

ရန်ကုန်တိုင်းဒေသကြီးအတွင်း Covid-19 ကုသ စောင့်ရှောက်မှုလုပ်ငန်းများအတွက် မကွေးတိုင်းဒေသကြီးမှ အထူးကုဆရာဝန်များ အပါအဝင် ကျန်းမာရေးဝန်ထမ်း (၅၃)ဦး စေလွှတ်ထား
စက်တင်ဘာ 26, 2020
By Tachileik News Agency
ရန်ကုန်တိုင်းဒေသကြီးအတွင်း Covid-19 ကုသ စောင့်ရှောက်မှုလုပ်ငန်းများအတွက် မကွေးတိုင်းဒေသကြီးမှ အထူးကုဆရာဝန်များ အပါအဝင် ကျန်းမာရေးဝန်ထမ်း (၅၃)ဦး စေလွှတ်ထား
ရန်ကုန်တိုင်းဒေသကြီးအတွင်း COVID-19 ကုသစောင့်ရှောက်မှုလုပ်ငန်းများတွင် ကူညီဆောင်ရွက်ရန် မကွေး တိုင်းဒေသကြီးမှ အထူးကု ဆရာဝန်များအပါအဝင် ကျန်းမာရေးဝန်ထမ်း စုစုပေါင်း (၅၃)ဦးကို စေလွှတ်ပေးထားကြောင်း   မကွေးတိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာန ထံကသိရသည်။
“ပထအကြိမ်အဖြစ် စက်တင်ဘာ (၁၄)ရက်နေ့က (၁၉)ဦး ၊ ဒုတိယအကြိမ်အဖြစ် စက်တင်ဘာ (၂၂)ရက်နေ့က ကျန်းမာရေးဦးစီးဌာန အရာရှိ ဆရာဝန် (၄)ဦး ၊ ဒီနေ့ စက်တင်ဘာ (၂၆)ရက်နေ့မှာ တတိယအကြိမ်အဖြစ် (၃၀)ဦး စေလွှတ်ခဲ့တာဖြစ်ပါတယ်” ဟု မကွေးတိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာခင်မောင်သန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ရန်ကုန်တွင် ပိုးတွေ့လူနာ များပြားလာနေသည့်အလျှောက်  ကုသစောင့်ရှောက်မှုပေးရသည့် နေရာသစ် များလည်း တိုးချဲ့နေရသဖြင့်  ယင်းနေရာများ၌ အားဖြည့်နိုင်ရန် ကျန်းမာရေးဝန်ထမ်းများကို စေလွှတ်ပေးနေခြင်းဖြစ်ကြောင်း သိရသည်။ 
တတိယအကြိမ် စေလွှတ်သည့် မကွေးတိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ မေ့ဆေးအထူးကုဆရာဝန်( ဒုတိယနှစ် ဘွဲ့လွန်) (၁၀)ဦး၊ အထက်တန်းသူနာပြု၊သူနာပြု (၂၀)ဦး စုစုပေါင်း (၃၀)ဦးတို့မှာ ယနေ့ စက်တင်ဘာ (၂၆)ရက်နေ့ နံနက်(၉)နာရီ အချိန်တွင် မကွေးမြို့မှ ရန်ကုန်မြို့သို့ ထွက်ခွာသွားပြီဖြစ်ကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီးတွင် စက်တင်ဘာ(၂၆)ရက်နေ့အထိ COVID-19 အတည်ပြုလူနာ (၂၉)ဦးရှိနေရာ ဆေးရုံမှ (၁၂)ဦးဆင်းခွင့်ရခဲ့ပြီး မကွေးသင်ကြားရေးဆေးရုံ၌ (၆)ဦး၊ မကွေးတိုင်းပြည်သူ့ဆေးရုံ၌ (၈)ဦး၊ ပခုက္ကူ ဆေးရုံ၌(၁)ဦး၊ နတ်မောက်ဆေးရုံ၌ (၁)ဦး၊ အောင်လံဆေးရုံ၌(၁)ဦး ဆေးကုသစောင့်ရှောက်မှုခံယူလျှက်ရှိနေကြောင်း သိရသည်။
Tachileik News Agency
သတင်း - ဖီးနစ် 
ဓာတ်ပုံ-သန်းနိုင်ဦး




~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~