မကွေးတိုင်းဒေသကြီးတွင် Covid-19 တွေ့ရှိသူ (၅)ဦးထပ်တိုး၍ အတည်ပြုလူနာ စုစုပေါင်း (၃၄)ဦးရှိနေ

မကွေးတိုင်းဒေသကြီးတွင် Covid-19 တွေ့ရှိသူ (၅)ဦးထပ်တိုး၍ အတည်ပြုလူနာ စုစုပေါင်း (၃၄)ဦးရှိနေ
စက်တင်ဘာ 26, 2020
By Tachileik News Agency
 မကွေးတိုင်းဒေသကြီးတွင်  Covid-19 တွေ့ရှိသူ (၅)ဦးထပ်တိုး၍ အတည်ပြုလူနာ စုစုပေါင်း (၃၄)ဦးရှိနေ
မကွေးတိုင်းဒေသကြီးအတွင်း ပခုက္ကူ၊ တောင်တွင်းကြီးနှင့် ချောက်မြို့နယ်တို့တွင် ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ(၂၆)ရက်နေ့၌ COVID-19 အတည်ပြုလူနာ (၅)ဦး ထပ်တိုးတွေ့ရှိ၍ ပထမလှိုင်းနှင့် ဒုတိယလှိုင်းအတွင်း စုစုပေါင်း အတည်ပြုလူနာ (၃၄)ဦး ရှိလာပြီဖြစ်သည်။
“ပခုက္ကူမြို့နယ်က Facility Quarantine ထားထားတဲ့ ရန်ကုန် မြောက်ဥက္ကလာပြန် အသက်(၃၅)နှစ်အရွယ် အမျိုးသား (၁)ဦး၊ တောင်တွင်းကြီးမြို့နယ်မှာ Facility Quarantine ထားတဲ့ ရန်ကုန်ပြန် လိုင်းကားယာဉ်ပေါ်ပါ Positive Contact အသက်(၁၈)နှစ်အရွယ် အမျိုးသား(၁)ဦး၊ ချောက်မြို့နယ်မှာ Facility Quarantine ထားတဲ့ ရန်ကုန် အလုံမြို့နယ်ပြန် အသက်(၃၀)အရွယ် အမျိုးသား(၁)ဦးနဲ့ အသက်(၂၅)နှစ်အရွယ် အမျိုးသား(၁)ဦး၊ အသက်(၃၁)နှစ်အ ရွယ်အမျိုးသမီး(၁)ဦး တို့ ထပ်တိုးတွေ့ရှိပါတယ်”ဟု မကွေးတိုင်းကျန်းမာရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာခင်မောင်သန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
မကွေးတိုင်းဒေသကြီးအတွင်း အတည်ပြုလူနာ စုစုပေါင်း (၃၄)ဦးအနက် ဆေးရုံဆင်းခွင့်ရသူ(၁၂)ဦးရှိပြီဖြစ်သည်။
တစ်နိုင်ငံလုံးအတိုင်းအတာအရ စက်တင်ဘာလ (၂၆)ရက် တစ်ရက်တည်း၌ ထပ်တိုးအတည်ပြုလူနာ(၈၈၀)ဦး တွေ့ရှိရ၍ COVID-19 ပိုးတွေ့အတည်ပြုလူနာစုစုပေါင်း (၉,၉၉၁)ဦးရှိပြီး (၂၄)ဦးထပ်မံသေဆုံး၍ သေဆုံးသူစုစု ပေါင်း(၁၉၈)ဦးရှိလာကြောင်း သိရသည်။
Tachileik News Agency
သတင်း - ဖီးနစ်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~