တာချီလိတ် နှင့် မယ်ဆိုင်အကြား နိုင်ငံဖြတ်ကျော် မီးခိုးမြူငွေ့ကိစ္စအပါအဝင် တံတားပိတ်မည့် ကောလဟာလများနှင့် ပတ်သက်ပြီး အလွတ်သဘောတွေ့ဆုံ

တာချီလိတ် နှင့် မယ်ဆိုင်အကြား နိုင်ငံဖြတ်ကျော် မီးခိုးမြူငွေ့ကိစ္စအပါအဝင် တံတားပိတ်မည့် ကောလဟာလများနှင့် ပတ်သက်ပြီး အလွတ်သဘောတွေ့ဆုံ
မတ် 19, 2020
By Tachileik News Agency
တာချီလိတ် နှင့် မယ်ဆိုင်အကြား နိုင်ငံဖြတ်ကျော် မီးခိုးမြူငွေ့ကိစ္စအပါအဝင် တံတားပိတ်မည့် ကောလဟာလများနှင့် ပတ်သက်ပြီး   အလွတ်သဘောတွေ့ဆုံ

မြန်မာ - ထိုင်း နယ်စပ်ဒေသတွင် နှစ်စဉ်ကြုံတွေ့နေရသည့် နယ်စပ်ဖြတ်ကျော်မီးခိုးငွေ့များ လျော့ချရေးကိစ္စအပါအဝင် မြန်မာ-ထိုင်း ချစ်ကြည်ရေးအမှတ်(၁)တံတားပိတ်မည်ဆိုသည့် ကောလဟာလများထွက်ပေါ်နေမှုနှင့်ပတ်သက်ပြီး တာချီလိတ်ခရိုင်နှင့် ချင်းရိုင်းခရိုင်အဆင့် တာဝန်ရှိသူများ ၂၀၂၀ ခုနှစ် မတ်လ (၁၉) ရက်နေ့ နံနက်ပိုင်းက အလွတ်သဘော တွေ့ဆုံဆွေးနွေးသည်။

နဂိုကတည်းက နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ကြဖို့ ဆိုတဲ့ဟာတွေက ပြည်ထောင်စုအစိုးရအဆင့်မှာ ပြောထားတာတွေရှိတယ်။ မီးခိုးနဲ့ ပတ်သက်ပြီးတော့။ နှစ်နိုင်ငံ ဒေသအာဏာပိုင်အချင်းချင်းတွေ့ဆုံပြီးတော့ တောမီးမရှိုရေး၊ တောမီးမလောင်ရေးပေါ့။ ဒေသအာဏာပိုင်အချင်းချင်း အောက်ခြေမှာတွေ့တဲ့ အလွတ်သဘော တွေ့ဆုံမှုပေါ့။ နှစ်နိုင်ငံနယ်စပ်ဖြတ်ကျော်မီးခိုးငွေ့လျော့ချဖို့အတွက်။ နှစ်နိုင်ငံပြည်သူတွေကို အသိပညာပေးမှုတွေ တိုးတက်ဆောင်ရွက်နိုင်ဖို့အတွက် ညှိနှိုင်းဆောင်ရွက်တာပေါ့

ဟု တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မယ်ဆိုင်မြို့ရှိ Maekhong Delta Travel Hotel အစည်းအဝေးခန်းမတွင် နှစ်နိုင်ငံအလွှတ်သဘောတွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်ပြီး မြန်မာဘက်မှ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်နှင့် ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ထိုင်းနိုင်ငံဘက်မှ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အမှတ်(၃)စစ်တိုင်းမှ ဗိုလ်ချုပ်အမ်နတ်ဆီမာ့နှင့် စစ်ဖက်အရာရှိများ၊ ချင်းရိုင်းခရိုင်အုပ်ချုပ်ရေးမှူး နိုင်းပရကျွန်ပလတ်စကွန်နှင့် ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မယ်ဆိုင်မြို့နယ်အုပ်ချုပ်ရေးမှူး နိုင်းဆုံမ်ဆတ်ခနားခမ်းနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများတက်ရောက်ခဲ့ကြသည်။

ဆွေးနွေးပွဲ အပြီးတွင် နှစ်နိုင်ငံနယ်စပ်မီးခိုးမြူငွေ့များလျော့ချနိုင်ရေးအတွက် မြန်မာ-ထိုင်း ချစ်ကြည်ရေးအမှတ်(၁)တံတားပေါ်၊ တာချီလိတ်မြို့တွင်းနှင့် မယ်ဆိုင်မြို့တွင်းများတွင် မီးသတ်ယာဉ်များဖြင့် တပြိုင်နက်တည်းရေပက်ဖြန်းမှုများ လုပ်ဆောင်ခဲ့ကြသည်။ 

Tachileik News Agency
သတင်း - ဟန်စိုးထိုက်
ဓါတ်ပုံ - ကျော်ဇင်ဟိန်း


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~