တာချီလိတ်မြို့တွင် Covid-19 ကူးစက်ခံရပြီး ရောဂါအခံရှိသူ (၃)ဦး နေ့တစ်ပိုင်းအတွင်း သေဆုံး

တာချီလိတ်မြို့တွင် Covid-19 ကူးစက်ခံရပြီး ရောဂါအခံရှိသူ (၃)ဦး နေ့တစ်ပိုင်းအတွင်း သေဆုံး
သြဂုတ် 29, 2021 | Covid-19| ရှမ်းရှေ့

တာချီလိတ်မြို့တွင် Covid-19 ကူးစက်ခံရပြီးနောက် ရောဂါအခံကြောင့် ဆေးဝါးကုသမှု ခံယူနေသည့် (၃)ဦး ယနေ့ ဩဂုတ်လ(၂၉)ရက်နေ့ နေ့တစ်ပိုင်းအတွင်း  သေဆုံးသွားကြောင်း သိရသည်။

သေဆုံးသွားသူများမှာ တာချီလိတ်မြို့  ဝမ်ကောင်းရပ်ကွက်မှ အသက်(၇၂)နှစ်အရွယ် အမျိုးသမီး တစ်ဦး၊ ဝိန်းကျောက်ရပ်ကွက်အတွင်းမှ အသက်(၇၂)နှစ်အရွယ် အမျိုးသမီးတစ်ဦး၊ မကာဟိုခမ်းရပ်ကွက်၊ ယာမြေကုန်းမှ အသက်(၄၈)နှစ်အရွယ် အမျိုးသားတစ်ဦးတို့ ဖြစ်ပြီး ၎င်းတို့သည် ရောဂါအခံများဖြင့် တာချီလိတ်ဆေးရုံကြီးတွင် ဆေးဝါးကုသမှု ခံယူရင်း သေဆုံးသွားကြသူများ ဖြစ်သည်။

တာချီလိတ်မြို့တွင် Covid-19 တတိယလှိုင်းကာလအတွင်း Covid-19 ကူးစက်ခံရပြီးနောက် ရောဂါအခံရှိ၍ ဆေးဝါးကုသမှု ခံယူနေရင်း ဆေးရုံတွင် သေဆုံးသွားသူမှာ (၇၀)ကျော်ရှိပြီး နေအိမ်တွင် မိမိအစီအစဉ်ဖြင့် ကုသရင်း သေဆုံးသွားသူများမှာ ဆေးရုံတွင် သေဆုံးသည့် အရေအတွက်ထက် ပိုများကြောင်း လူမှုကူညီရေးအသင်းအဖွဲ့များထံက သိရသည်။



#TachileikNewsAgency