လာအိုနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေးအတွက် ဗီဇာထုတ်ပေးခြင်းအားလုံး တစ်လ ဆိုင်းငံ့လိုက်ပြီ

လာအိုနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေးအတွက် ဗီဇာထုတ်ပေးခြင်းအားလုံး တစ်လ ဆိုင်းငံ့လိုက်ပြီ
မတ် 20, 2020
By Tachileik News Agency

လာအိုနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေးအတွက် ဗီဇာထုတ်ပေးခြင်းအားလုံး တစ်လ ဆိုင်းငံ့လိုက်ပြီ

ကိုရိုနာဗိုင်းရပ်စ် (COVID 19) ကာကွယ်ရေးအတွက် လာအိုနိုင်ငံက ဗီဇာထုတ်ပေးခြင်းအားလုံးကို ၂၀၂၀ ခုနှစ်၊ မတ်လ (၂၀) ရက်နေ့မှစ၍ ရက်ပေါင်း (၃၀)တိတိ ဆိုင်းငံ့လိုက်ပြီဖြစ်သည်။

လာအိုနိုင်ငံအနေဖြင့် အီလက်ထရောနစ်ဗီဇာ၊ ဆိုက်ရောက်ဗီဇာ၊ အလည်အပတ်ဗီဇာနှင့် အာဆီယံ နိုင်ငံအချို့ကို ပေးထားသည့် ဗီဇာကင်းလွတ်ခွင့်တို့ကို ဆိုင်းငံ့လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

လာအိုနိုင်ငံသို့ အလည်အပတ် မဟုတ်သည့် ဗီဇာလျှောက်ထားသူများ အနေဖြင့်လည်း ကျန်းမာရေးထောက်ခံချက်နှင့် ထုတ်ပြန်ထားသည့် လိုအပ်သည့်အထောက်အထား ပြည့်စုံမှသာ ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ထုတ်ပြန်ချက်မှာ မတ်လ (၂၀)ရက်နေ့မှ ဧပြီလ (၂၀)ရက်နေ့အထိ သက်ဝင်မည်ဖြစ်ကြောင်း သိရသည်။

လာအိုနိုင်ငံတွင် အတည်ပြုလူနာ မတွေ့ရသေးသော်လည်း အိမ်နီးချင်း ထိုင်းနှင့် ဗီယက်နမ်တွင် ရောဂါဖြစ်ပွားသူ မြင့်လာနေ၍ အဆိုပါ နိုင်ငံများနှင့် နယ်စပ်ဂိတ်များကိုလည်း ပိတ်ထားပြီးဖြစ်သည်။

ယင်းအပြင် လာအိုနိုင်ငံသားများကိုလည်း လူစုလူဝေးဖြင့် စီးနင်းရသည့် ယာဉ်များအား စီးနင်းခြင်းနှင့် အခြားနိုင်ငံများသို့ ခရီးထွက်ခြင်းမပြုရန် သတိပေးထားသည်။

နိုင်ငံပြင်ပမှ ပြန်လာရန်စီစဉ်နေကြသည့် လာအိုနိုင်ငံသားများအနေဖြင့် ရောဂါထိန်းချုပ်နိုင်သည်အထိ နိုင်ငံတွင်းသို့ ပြန်မလာကြရန် တိုက်တွန်းထားသည်။

ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားသည့် နိုင်ငံများတွင် နိုင်ငံရပ်ခြားကျောင်းတက်နေသူများနှင့် အလုပ်လုပ်နေသူများ လာအိုနိုင်ငံတွင်း ပြန်လာပါက သီးခြားခွဲထားရန်လည်း စီစဉ်နေကြောင်း သိရသည်။

Tachileik News Agency

ဆက်စပ်သတင်း

လာအိုနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် စောင့်ကြည့်သံသယ (၈၅)ဉီး ရှိခဲ့ပြီး နယ်စပ်ဂိတ်ပေါက်များကို ပိတ်ရန် စီစဉ်နေ


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~