တိုင်တန်းနစ်သင်္ဘော နစ်မြုပ်သည့်နှစ်တွင် မွေးဖွားခဲ့သူ ဗြိတိသျှအမျိုးသားက ကမ္ဘာ့အသက်အကြီးဆုံး သက်ရှိထင်ရှား အမျိုးသားဖြစ်လာ

Photo:   Guinness World Records
Photo: Guinness World Records
တိုင်တန်းနစ်သင်္ဘော နစ်မြုပ်သည့်နှစ်တွင် မွေးဖွားခဲ့သူ ဗြိတိသျှအမျိုးသားက ကမ္ဘာ့အသက်အကြီးဆုံး သက်ရှိထင်ရှား အမျိုးသားဖြစ်လာ
By Mr John

 အင်္ဂလန်နိုင်ငံမှ အသက် (၁၁၁) နှစ်နှင့် (၂၂၄) ရက်ရှိသည့် ဂျွန်အဲလ်ဖရက် တင်နစ်ဝုဒ် (John Alfred Tinniswood) ကို ကမ္ဘာ့အသက်အကြီးဆုံး သက်ရှိထင်ရှား အမျိုးသားအဖြစ် တရားဝင် အသိအမှတ်ပြုလိုက်သည်။ 

အသက် (၁၁၄) နှစ်အရွယ် ယခင် ကမ္ဘာ့အသက်အကြီးဆုံး သက်ရှိထင်ရှား အမျိုးသား ဂျူအန်ဗင်းဆင့် ပီရက်ဇ် ကွယ်လွန်သွားပြီးနောက် (၂) ရက်အကြာတွင် ဂင်းနစ်ကမ္ဘာ့စံချိန်မှတ်တမ်းများ အဖွဲ့အစည်း Guinness World Records က ဂျွန်ကို ကမ္ဘာ့အသက်အကြီးဆုံး သက်ရှင်ထင်ရှား အမျိုးသားအဖြစ် တရားဝင် ကြေညာခဲ့ခြင်း ဖြစ်သည်။

ဂျွန်က အသက်ရှည်ခြင်း၏ လျှို့ဝှက်ချက်မှာ ကံတရားသာဖြစ်ပြီး ၎င်းအနေဖြင့်  ဆေးလိပ် နှင့် အရက် သောက်လေ့မရှိကြောင်း နှင့်  သောကြောနေ့တိုင်း ငါးနှင့် အားလူးကြော်စားကြောင်း  ဆိုသည်။ 

"အများကြီး သောက်ရင် ဒါမှမဟုတ် အများကြီး စားရင် ဒါမှမဟုတ် လမ်းအများကြီး လျှောက်ရင်၊ တစ်ခုခုကို အလွန်အကျွံလုပ်ရင် နောက်ဆုံးမှာ ဒုက္ခရောက်လိမ့်မယ်" ဟု ဂျွန်က ပြောသည်။

ကမ္ဘာ့အသက်အကြီးဆုံး သက်ရှင်ထင်ရှား အမျိုးသားကြီး ဂျွန်ကို ၁၉၁၂ ခုနှစ် ဩဂုတ်လ (၂၆) ရက်နေ့က အင်္ဂလန်နိုင်ငံ လီဗာပူးမြို့၌ မွေးဖွားခဲ့သည်။ 

ထိုနှစ်မှာ ကမ္ဘာကျော် တိုင်တန်းနစ်သင်္ဘော နစ်မြုပ်ခဲ့သည်နှစ်လည်း ဖြစ်သည်။ 

၎င်းက ကမ္ဘာစစ်ကြီး (၂) ခုကို ဖြတ်သန်းခဲ့သူ ဖြစ်သလို Great Influenza နှင့် COVID-19 ကပ်ရောဂါတို့ကိုလည်း ဖြတ်ကျော်နိုင်ခဲ့သည်။ 

Guinness ၏ အဆိုအရ ဂျွန်က ဒုတိယကမ္ဘာစစ်တွင် အသက်ရှင်ကျန်ခဲ့သည့် ကမ္ဘာ့အသက်အကြီးဆုံး စစ်ပြန် အမျိုးသားဖြစ်ကြောင်းလည်း သိရသည်။

 

Source: CNN