လာအိုနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် အတည်ပြုလူနာ (၂)ဦး ထပ်တွေ့၍ အတည်ပြု (၈)ဦးအထိ တိုးလာ

လာအိုနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် အတည်ပြုလူနာ (၂)ဦး ထပ်တွေ့၍ အတည်ပြု (၈)ဦးအထိ တိုးလာ
မတ် 28, 2020
By Tachileik News Agency
လလာအိုနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် အတည်ပြုလူနာ (၂)ဦး ထပ်တွေ့၍  အတည်ပြု (၈)ဦးအထိ တိုးလာ

မြန်မာ့အိမ်နီးချင်း လာအိုနိုင်ငံတွင် COVID 19 အတည်ပြုလူနာ (၂)ဦးကို မြို့တော် ဗီယန်တိုင်းနှင့် လောင်ဖရာဘန်တို့တွင် တွေ့ရသဖြင့် အတည်ပြုလူနာ (၈)ဦး ရှိလာပြီဖြစ်ကြောင်း လာအိုကျန်းမာရေးဝန်ကြီးဌာနက ၂၀၂၀ ခုနှစ်၊ မတ်လ (၂၈)ရက်နေ့ ဒေသစံတော်ချိန် နေ့လယ် (၂)နာရီခွဲတွင် ထုတ်ပြန်ချက်အရ သိရသည်။

လာအိုနိုင်ငံ၏ (၇)ဦးမြောက်အတည်ပြုလူနာမှာ လွမ်ပရာဘွမ်မြို့ ဗီဆုန်ကျေးရွာမှ အတည်ပြုလူနာ တက္ကစီမောင်းသူ၏ဇနီးဖြစ်သူ အသက် (၅၀)အရွယ် အမျိုးသမီးဖြစ်ပြီး (၈)ယောက်မြောက် အတည်ပြုလူနာမှာ မြို့တော် ဗီယန်တိုင်းရှိ DHL တွင် အလုပ်လုပ်သည့် အသက် (၁၈)နှစ်အရွယ် အမျိုးသားဖြစ်ကာ (၃)ယောက်မြောက် အတည်ပြုလူနာနှင့် ထိတွေ့ခဲ့သူဖြစ်ကြောင်း သိရသည်။

လာအိုနိုင်ငံ၏ ပထမဆုံး အတည်ပြုလူနာ(၂)ဦးကို မတ်လ (၂၄)ရက်နေ့က တွေ့ရခြင်းဖြစ်ပြီး မြို့တော် ဗီယင်တိုင်းမှ အသက် (၂၈)နှစ်အရွယ် ဟိုတယ်ဝန်ထမ်းအမျိုးသားနှင့် အသက် (၃၆)နှစ်အရွယ် ဧည့်လမ်းညွန် အမျိုးသမီးတို့ဖြစ်ကြပြီး မတ်လ (၂၄)ရက်နေ့တွင် လွမ်ပရာဘွမ်မှ အသက် (၂၆) နှစ်အရွယ် အမျိုးသားကို တတိယအတည်ပြုလူနာအဖြစ် တွေ့ခဲ့ရခြင်းဖြစ်သည်။

ယင်းနောက် မတ်လ (၂၆)ရက်နေ့တွင် လွမ်ပရာဘွမ်မှ အတည်ပြုလူနာ(၃)ဦးအဖြစ် တတိယမြောက်အတည်ပြုလူနာနှင့် အနီးကပ်ရှိခဲ့သည့် အမျိုးသား (၁)ဦး၊ အသက် (၄၂)နှစ်အရွယ်နှင့် (၅၂)နှစ်အရွယ်များဖြစ်သည့် တက္ကစီယာဉ်မောင်းအမျိုးသား(၂)ဦးတို့ကို စစ်ဆေးတွေ့ရှိခဲ့ရ၍ အတည်ပြုလူနာ (၆)ဦးအထိ ရှိလာခဲ့ခြင်းဖြစ်သည်။

COVID 19 ကူးစက်ခံရမှုကို ထိန်းချုပ်ကုသရေးလုပ်ဆောင်နေသည့် လာအိုအစိုးရကို ကူညီပေးနိုင်ရန်အတွက် တရုတ်နိုင်ငံက ကျွမ်းကျင်ကုသရေးအဖွဲ့၊ ဆေးကုသပစ္စည်းများ၊ ဆေးဝါးများနှင့်အတူ ပို့လွှတ်မည်ဖြစ်ကြောင်း သိရသည်။

လာအိုနိုင်ငံတွင်း အတည်ပြုလူနာများ တွေ့ရသည့်အပြင် ထိုင်းနိုင်ငံမှ နေရပ်ပြန်အများအပြားရှိနေသဖြင့် သီးခြားနေထိုင်ခြင်း၊ လူစုလူဝေးမလုပ်ကြဘဲ ရောဂါမကူးစက်နိုင်သည့်အကွာအဝေး (၃)ပေအကွာမှ သွားလာနေထိုင်ခြင်းကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လိုက်နာဆောင်ရွက်ကြရန်နှင့် ထိုင်းနိုင်ငံမှ နေရပ်ပြန်များ နေအိမ်တွင် (၁၄)ရက် ခွဲခြားနေထိုင်ခြင်းများ လုပ်ဆောင်ကြရန် လာအိုဝန်ကြီးချုပ်က တိုက်တွန်းထားသည်။

Tachileik News Agency
သတင်း - ဇာနှင်း
Source: Laotiantimes


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~