ကျောက်မဲမြို့နယ်အတွင်း ပျားမွေးမြူရေးလုပ်ငန်း လုပ်ရန် လာရောက်ရင်း Covid-19 အကူးခံရသူ သက်သာပြီဖြစ်၍ ဆေးရုံမှဆင်း

ကျောက်မဲမြို့နယ်အတွင်း ပျားမွေးမြူရေးလုပ်ငန်း လုပ်ရန် လာရောက်ရင်း Covid-19 အကူးခံရသူ သက်သာပြီဖြစ်၍ ဆေးရုံမှဆင်း
နိုဝင်ဘာ 18, 2020
By Tachileik News Agency
ကျောက်မဲမြို့နယ်အတွင်း ပျားမွေးမြူရေးလုပ်ငန်း လုပ်ရန် လာရောက်ရင်း Covid-19 အကူးခံရသူ သက်သာပြီဖြစ်၍ ဆေးရုံမှဆင်း
ရှမ်းပြည်နယ် ( မြောက်ပိုင်း ) ကျောက်မဲမြို့နယ် နောင်ပိန်ကျေးရွာတွင် ပျားမွေးမြူရေးလုပ်ငန်းလုပ်ရန်လာရောက်ရင်း COVID 19 တွေ့သဖြင့် ကျောက်မဲဆေးရုံ၌ ဆေးကုသမှုခံယူနေသော အမျိုးသား (၁)ဦးမှာ ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ (၁၈) ရက်နေ့တွင် ဆေးရုံဆင်းခွင့်ရသွားပြီဖြစ်သည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်၊ ချောင်းဦးကျေးရွာမှ နောင်ပိန်ကျေးရွာသို့လာသော အသက် (၂၇) နှစ် အရွယ်အမျိုးသားတစ်ဦးကို အသွားအလာကန့်သတ်၍ ဓာတ်ခွဲစစ်ဆေးရာ COVID 19 ပိုးတွေ့ရကြောင်း နိုဝင်ဘာလ (၇) ရက်နေ့က ဓာတ်ခွဲအဖြေရသဖြင့် ကျောက်မဲခရိုင်ပြည်သူ့ဆေးရုံတွင် ကုသပေးနေခြင်းဖြစ်သည်။
ဆေးရုံဆင်းခွင့်ရသွားသည့် အဆိုပါလူနာကို ကမ်းလင့်လက်များ လူမှုကူညီရေးအသင်း (နောင်ပိန်) က ကြိုဆိုခေါ်ဆောင်သွားခဲ့ပြီး နောင်ပိန်ရှိနေအိမ်၌ နောက်ထပ် (၇) ရက် အသွားအလာကန့်သတ်နေထိုင်ရမည်ဖြစ်သည်။
အဆိုပါအမျိုးသားသည် နောင်ပိန်ကျေးရွာရှိ ပျားမွေးမြူရေးလုပ်ငန်းတစ်ခုအတွက် အလုပ်လုပ်ရန် လာရောက်သူဖြစ်ပြီး ရောက်ရှိစဉ်က အသွားအလာကန့်သတ်ထားရာနေရာသို့ တိုက်ရိုက်သွားခဲ့သော်လည်း ၎င်းအတွက် ဈေးဝယ်ပေးရန် ထိတွေ့ခဲ့သူတစ်ဦးရှိခဲ့ပြီး အဆိုပါ ထိတွေ့သူကိုလည်း အသွားအလာကန့်သတ်ထားခဲ့သည့်အပြင် ၎င်း၏မိသားစုဝင်များကိုပါ နေအိမ်၌ အသွားအလာ ကန့်သတ်ထားခဲ့ပြီးဖြစ်ကြောင်း သိရသည်။
Tachileik News Agency
သတင်း - နေဖြိုးမြင့်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~