မိုင်းဆတ်ခရိုင်အတွင်း နေရာ(၃)နေရာမှ လက်နက် နှင့် မူးယစ်ဆေးများကို တပ်မတော်က ပိုင်ရှင်မဲ့ သိမ်းဆည်းရမိ

မိုင်းဆတ်ခရိုင်အတွင်း နေရာ(၃)နေရာမှ လက်နက် နှင့် မူးယစ်ဆေးများကို တပ်မတော်က ပိုင်ရှင်မဲ့ သိမ်းဆည်းရမိ
မတ် 5, 2020
By Tachileik News Agency
မိုင်းဆတ်ခရိုင်အတွင်း နေရာ(၃)နေရာမှ လက်နက် နှင့် မူးယစ်ဆေးများကို တပ်မတော်က ပိုင်ရှင်မဲ့ သိမ်းဆည်းရမိ 

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ မိုင်းတွမ်းဒေသအတွင်း နေရာ (၃) နေရာမှ လက်နက်နှင့် မူးယစ်ဆေးများကို ၂၀၂၀ ခုနှစ် မတ်လ (၃) ရက်နေ့တွင် လုံခြုံရေးဆောင်ရွက်နေသည့် တပ်မတော်သားများမှ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

မိုင်းတွမ်းဒေသအတွင်း တပ်မတော်သားများမှ နယ်မြေလုံခြုံရေးဆောင်ရွက်နေစဉ် မတ်လ (၃) ရက်နေ့ နေ့လည် (၁၂) နာရီ (၁၅) မိနစ်ခန့်တွင် မိုင်းတွမ်း အနောက်ဘက် မီတာ (၅,၀၀၀) ခန့်အကွာရှိ ကျေးရွာချင်းဆက် လမ်းဘေးတွင် အမျိုးသားတစ်ဦးသည် Vigo အမျိုးအစားယာဉ်တစ်စီးကို ထားရှိထွက်ပြေးသွားသဖြင့် မော်တော်ယာဉ်အား စစ်ဆေးရာ ယာဉ်ပေါ်မှ တစ်လုံးထိုးသေနတ်တစ်လက်၊ (၉) မမပစ္စတိုတစ်လက်၊ ၎င်းကျည်အိမ်တစ်ခုနှင့် ကျည် (၁၀) တောင့်ကို သိမ်းတည်းရမိခဲ့ကြောင်း၊ နေလည် (၁၂) နာရီ (၅၅) မိနစ်ခန့်တွင် ဟွေပူကျေးရွာ၏ အနောက်တောင်ဘက် မီတာ (၂,၀၀၀) ခန့်အကွာ တောင်ယာပျက်တစ်ခုအနီးတွင် ကောက်ရိုးများဖုံးအုပ်ထားသည့် မြေကျင်းအတွင်းမှ အစိမ်းရောင်ပလက်စတစ်ပုံးတွင်းမှ WY စာတမ်းပါ စိတ်ကြွရူးသွပ်ဆေးပြား (၂၉၀,၀၀၀) ပြားကို ပိုင်ရှင်မဲ့သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

နယ်မြေလုံခြုံရေးဆောင်ရွက်နေသည့် တပ်မတော်သားများမှ ညနေ (၆) နာရီခွဲခန့်တွင် သတင်းအရ ပါဟိုးကျေးရွာအနီး သွားရောက်စစ်ဆေးရာတွင် ကျွဲခြံဟောင်းဝင်းအတွင်း မြေကျင်းတူးမြှပ်နှံထားသည့် M-16 သေနတ်တစ်လက်၊ AK-47 သေနတ်တစ်လက်နှင့် M-79 သေနတ်တစ်လက်တို့ကို သိမ်းဆည်းရမိခဲ့သဖြင့် အဆိုပါ လက်နက်၊ ခဲယမ်းများနှင့် မူးယစ်ဆေးများကို သက်ဆိုင်ရာသို့အပ်နှံသွားမည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency

ဓါတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~