တာချီလိတ် အပါအဝင် မိုင်းယောင်း၊ မိုင်းဖြတ်နှင့် ကျိုင်းတုံမှ ဓါတ်ခွဲနမူနာ စုစုပေါင်း (၄၅)ခု ဧပြီလ (၃၀)ရက် ညပိုင်း နှင့် မေလ(၁)ရက် နံနက်ပိုင်းတို့တွင် ဓါတ်ခွဲအဖြေ ထွက်နိုင်ဖွယ်ရှိ

တာချီလိတ် အပါအဝင် မိုင်းယောင်း၊ မိုင်းဖြတ်နှင့် ကျိုင်းတုံမှ ဓါတ်ခွဲနမူနာ စုစုပေါင်း (၄၅)ခု ဧပြီလ (၃၀)ရက် ညပိုင်း နှင့် မေလ(၁)ရက် နံနက်ပိုင်းတို့တွင် ဓါတ်ခွဲအဖြေ ထွက်နိုင်ဖွယ်ရှိ
ဧပြီ 30, 2020
By Tachileik News Agency
တာချီလိတ် အပါအဝင် မိုင်းယောင်း၊ မိုင်းဖြတ်နှင့် ကျိုင်းတုံမှ ဓါတ်ခွဲနမူနာ စုစုပေါင်း (၄၅)ခု ဧပြီလ (၃၀)ရက် ညပိုင်း နှင့် မေလ(၁)ရက် နံနက်ပိုင်းတို့တွင် ဓါတ်ခွဲအဖြေ ထွက်နိုင်ဖွယ်ရှိ

အတည်ပြုလူနာနှင့်ထိတွေ့မှုကြောင့် အသွားအလာကန့်သတ်ထားသည့် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ် အပါအဝင် ကျိုင်းတုံ၊ မိုင်းယောင်းနှင့် မိုင်းဖြတ်မှ ကျန်းမာရေးဝန်ထမ်းများနှင့် မိသားစုဝင်များကို ဒုတိယအကြိမ် ဓါတ်ခွဲစစ်ဆေးသည့်အဖြေမှာ ၂၀၂၀ ခုနှစ်၊ ဧပြီလ (၃၀)ရက်နေ့ ညပိုင်းနှင့် မေလ(၁)ရက်နေ့ နံနက်ပိုင်းတို့တွင် ထွက်ရှိလာနိုင်ဖွယ်ရှိကြောင်း သိရသည်။

“ဓါတ်ခွဲနမူနာတွေက မနေ့ကရောက်တာဆိုတော့ ဒီနေ့တော့ ပါလာမယ်ထင်ပါတယ်”ဟု ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဘစိုးသက်က တာချီလိတ်သတင်းအေဂျင်စီသို့ ဧပြီလ(၃၀)ရက်နေ့တွင် ပြောသည်။

တာချီလိတ်၊ ကျိုင်းတုံ၊ မိုင်းယောင်းနှင့် မိုင်းဖြတ်အပါအဝင် ရှမ်းအရှေ့မှ ဓါတ်ခွဲနမူနာ (၄၅)ခုကို ၂၀၂၀ ခုနှစ်၊ ဧပြီလ(၂၉)ရက်နေ့က ရန်ကုန်သို့ ပေးပို့ထားခြင်းဖြစ်သည်။

 ဓါတ်ခွဲနမူနာများတွင် တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံမှ အသွားအလာကန့်သတ်ထားသည့် ကျန်းမာရေးဝန်ထမ်းနှင့် အတူနေမိသားစုများ စုစုပေါင်း (၂၆)ဦးနှင့် စောင့်ကြည့်လူနာ (၁)ဦး စုစုပေါင်း (၂၇)ဦး ပါဝင်သည်။

မိုင်းဖြတ်ပြည်သူ့ဆေးရုံမှ အသွားအလာ ကန့်သတ်ထားသည့် ကျန်းမာရေးဝန်ထမ်းနှင့် အတူနေ မိသားစုဝင် (၁၀)ဦး၊ မိုင်းယောင်းပြည်သူ့ဆေးရုံမှ အသွားအလာကန့်သတ်ထားသည့် ကျန်းမာရေးဝန်ထမ်းနှင့် မိသားစုဝင် (၃)ဦးတို့ကို ဒုတိယအကြိမ် ဓါတ်ခွဲစစ်ဆေးမှုအဖြစ် ဓါတ်ခွဲနမူနာရယူထားသည့် ဓါတ်ခွဲနမူနာများနှင့် ကျိုင်းတုံ ပြည်သူ့ဆေးရုံမှ စောင့်ကြည့်လူနာ (၃)ဦးနှင့် Facilities Quarantine မှ (၂)ဦးတို့၏ ဓါတ်ခွဲနမူနာများ ပါဝင်ခြင်းဖြစ်သည်။

ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသတွင်း ဧပြီလ (၃၀)ရက်နေ့အထိ တာချီလိတ်မှ အတည်ပြုလူနာ (၂)ဦး နှင့် မိုင်းဖြတ်မြို့မှ အတည်ပြုလူနာ(၁)ဦး စုစုပေါင်း အတည်ပြုလူနာ (၃)ဦးအား ကျိုင်းတုံပြည်သူ့ဆေးရုံတွင် ကုသမှုခံယူနေကြခြင်းဖြစ်သည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~