ကျောက်မဲမြို့တွင် Covid-19 ကာကွယ်ရေးအတွက် ကြက်ခြေနီတပ်ဖွဲ့က Mask ၅၀၀၀ ဖြင့် Campaign လုပ်

ကျောက်မဲမြို့တွင် Covid-19 ကာကွယ်ရေးအတွက် ကြက်ခြေနီတပ်ဖွဲ့က Mask ၅၀၀၀ ဖြင့် Campaign လုပ်
နိုဝင်ဘာ 25, 2020
By Tachileik News Agency
ကျောက်မဲမြို့တွင် Covid-19 ကာကွယ်ရေးအတွက် ကြက်ခြေနီတပ်ဖွဲ့က Mask ၅၀၀၀ ဖြင့် Campaign လုပ်
"ဘောလုံးအားကစားအခြပြု ဘေးဒုက္ခအန္တရာယ် ကြံ့ကြံ့ခံနိုင်စွမ်းရည် ဖွံ့ဖြိုးရေးစီမံချက်"အရ ကိုဗစ်ရောဂါ ကူးစက်ပျံ့ပွားမှုလျော့ကျစေရေးအတွက် ကျောက်မဲမြို့နယ် ကြက်ခြေနီတပ်ဖွဲ့က Mask အခုရေ ၅၀၀၀ ဖြင့် နိုဝင်ဘာ ၂၅ ရက်က ကျောက်မဲတွင် Campaign ပြုလုပ်ခဲ့သည်။
" Fair Play in Football နဲ့ Fair Play in Covid-19 ဆိုတဲ့ ခေါင်းစဥ် နဲ့ နှာခေါင်းစည်း(mask) တပ်ဆင်ကြဖို့ ကမ်းပိန်းပြုလုပ်တာ ဖြစ်ပါတယ်၊ ကိုဗစ်ကာကွယ်ရေးအတွက် လုပ်ဆောင်ရမယ့်အချက်တွေကိုလဲ တခါတည်း အသိပညာပေးတာတွေ ပြုလုပ်ပေးပါတယ်"ဟု ကျောက်မဲမြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှ မြို့နယ်တပ်ဖွဲ့မှူး ဦးဖြိုးပြည့်ကျော်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
Mask အခုရေ (၅,၀၀၀)ကျော်အသုံးပြု၍ ကျောက်မဲ Check Point အနီးနှင့် နံနက်ခင်း မင်္ဂလာစျေးတို့အနီးတွင် မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၊ ကျောက်မဲမြို့နယ် ကြက်ခြေနီတပ်ဖွဲ့ဝင်များက လမ်းသွား လမ်းလာများအား  mask ပေးဝေခြင်းနှင့် ကိုဗစ်ကာကွယ်ရေး အသိပညာပေး ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ စီမံချက်ကို မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ မြစ်ကြီးနားတက္ကသိုလ်၊ ဗန်းမော်တက္ကသိုလ်၊ လားရှိုးတက္ကသိုလ်နှင့် Football United တို့ ပူးပေါင်း ဆောင်ရွက် ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
Tachileik News Agency
သတင်း/ဓါတ်ပုံ - နေဖြိုးမြင့်
 


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~