တာချီလိတ်တွင် ငါးမိုင်းခွဲသည့် အမျိုးသားတစ်ဦး လက်ထဲမိုင်းပေါက်ကွဲမှုဖြစ်ပွား

ဖေဖော်ဝါရီ 21, 2020
By 🌸

တာချီလိတ်တွင် ငါးမိုင်းခွဲသည့် အမျိုးသားတစ်ဦး လက်ထဲမိုင်းပေါက်ကွဲမှုဖြစ်ပွား

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင်  ၂၀၂၀ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၂၁)ရက်နေ့ နေ့လယ်ပိုင်းက အမျိုးသားတစ်ဦး ငါးမိုင်းခွဲရင်း လက်ထဲမိုင်းပေါက်ကွဲ၍ ညာဘက်လက်တစ်ဖက် ပြတ်သွားကြောင်း သိရသည်။

"ဝမ်ကောင်းအရန်မီးသတ်ရှေ့မှာ ဖြစ်တာ။ M 150 အချိုရည်ပုလင်း ကောက်တွေ့ခဲ့တယ်။ အပေါ်မှာ အစလေးထုတ်ထားတယ်။ မီးရှို့လိုက်တာ လက်ပါသွားတာပေါ့။ ဒီဘက်အလေ့အထအရ ငါးမိုင်းခွဲတဲ့ဟာ"

ဟု တာချီလိတ်မြို့မစခန်းမှူး ဒုတိယရဲမှူး ကျော်ထွန်းနိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်မြို့ ဝမ်ကောင်းရပ်ကွက်ရှိ အရန်မီးသတ်ရုံးအနီး ရေမြောင်းတွင် အသက် (၃၃)နှစ်ဝန်းကျင် အမျိုးသားတစ်ဦး ငါးမိုင်းခွဲစဉ် လက်ထဲ မိုင်းကွဲသွား၍ ညာဘက်လက် စုတ်ပြတ်သွားခြင်းဖြစ်သည်။

ပေါက်ကွဲမှုဖြစ်ပွားရာသို့ ရဲတပ်ဖွဲ့က စစ်ဆေးမှုများပြုလုပ်ထားပြီး ဒဏ်ရာရအမျိုးသားကို တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံသို့ပို့ဆောင်၍ ကုသမှုများ ပြုလုပ်ထားသည်။

Tachileik News Agency

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~