က်ိဳင္းတံုၿမိဳ႕ရွိ က်ဳိင္းေဖာင္းေခ်ာင္းအတြင္း အသက္(၂)ႏွစ္မွ(၃)ႏွစ္အရြယ္ရွိ ေမာင္ႏွမ (၂)ဦး ေရနစ္ေသဆံုး

က်ိဳင္းတံုၿမိဳ႕ရွိ က်ဳိင္းေဖာင္းေခ်ာင္းအတြင္း အသက္(၂)ႏွစ္မွ(၃)ႏွစ္အရြယ္ရွိ ေမာင္ႏွမ (၂)ဦး ေရနစ္ေသဆံုး
မေ 18, 2019
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္း က်ိဳင္းတံုၿမိဳ႕နယ္ ေ၀ၚခုတ္ၿမိဳ႕သစ္တြင္ ေနထိုင္သည့္ ကေလးငယ္ (၂) ဦး က်ိဳင္းေဖာင္းေခ်ာင္းအတြင္း ေရနစ္ေသဆံုးေနမႈ ၂၀၁၉ ခုႏွစ္ ေမလ (၁၈) ရက္ေန႔ ေန႔လည္ပိုင္းက  ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

"သူတို႔မိဘေတြ လယ္လုပ္ေနတဲ့အခ်ိန္ က်ိဳင္းေဖာင္းေခ်ာင္းထဲ ေဆာ့ရင္းနဲ႔ နစ္ေနတာေပါ့။ အခ်ိန္မီမသိပဲ ေနာက္က်ၿပီးမွ သိေတာ့ အသက္မရိွေတာ့ဘူး။ လယ္ေတာနဲ႔အိမ္နဲ႔က ေ၀းတာေပါ့။ ဆိုင္ကယ္နဲ႔သြားရတာေပါ့။ သူတို႔ဘာ သူတို႔ ဆိုင္ကယ္နဲ႔ ေဆးရံုကို ေခၚ္လာတာေပါ့။ ကေလးေတြက အသက္ (၃) ႏွစ္ေက်ာ္နဲ႔ (၂) ႏွစ္ေက်ာ္ေတြ"ဟု က်ဳိင္းတံု ႏွလံုးလွပိုင္ရွင္မ်ား(အခမဲ့) လူမႈကူညီေရးအသင္းမွ ဥကၠဌ ဦးေက်ာ္သူေအာင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

က်ဳိင္းတံု ႏွလံုးလွပိုင္ရွင္မ်ား(အခမဲ့) လူမႈကူညီေရးအသင္းမွ အဆိုပါ ေမာင္ႏွမ (၂) ဦး၏ ရုပ္အေလာင္းကို က်ိဳင္းတံုျပည္သူ႔ေဆးရံုႀကီးရွိ ရင္ခြဲရံုမွ တဆင့္ ေနာင္ဖာလားဟူ ဘုရားေက်ာင္းသို႔ ကူညီပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - ႏွလံုးလွပိုင္ရွင္မ်ား(အခမဲ့) လူမႈကူညီေရးအသင္း(က်ဳိင္းတံု)


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့နယ်ေဝါ်ခုတ်မြို့သစ်တွင် နေထိုင်သည့် ကလေးငယ် (၂) ဦး ကျိုင်းဖောင်းချောင်းအတွင်း ရေနစ်သေဆုံးနေမှု ၂၀၁၉ ခုနှစ် မေလ (၁၈) ရက်နေ့ နေ့လည်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။

"သူတို့မိဘတွေ လယ်လုပ်နေတဲ့အချိန် ကျိုင်းဖောင်းချောင်းထဲ ဆော့ရင်းနဲ့ နစ်နေတာပေါ့။ အချိန်မီမသိပဲ နောက်ကျပြီးမှ သိတော့ အသက်မရှိတော့ဘူး။ လယ်တောနဲ့အိမ်နဲ့ကေဝးတာပေါ့။ ဆိုင်ကယ်နဲ့သွားရတာပေါ့။ သူတို့ဘာ သူတို့ ဆိုင်ကယ်နဲ့ ဆေးရုံကို ခေါ်လာတာပေါ့။ ကလေးတွေက အသက် (၃) နှစ်ကျော်နဲ့ (၂) နှစ်ကျော်တွေ"ဟု ကျိုင်းတုံ နှလုံးလှပိုင်ရှင်များ(အခမဲ့) လူမှုကူညီရေးအသင်းမှ ဥက္ကဌ ဦးကျော်သူအောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ကျိုင်းတုံ နှလုံးလှပိုင်ရှင်များ(အခမဲ့) လူမှုကူညီရေးအသင်းမှ အဆိုပါ မောင်နှမ (၂) ဦး၏ ရုပ်အလောင်းကို ကျိုင်းတုံပြည်သူ့ဆေးရုံကြီးရှိ ရင်ခွဲရုံမှ တဆင့် နောင်ဖာလားဟူ ဘုရားကျောင်းသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - နှလုံးလှပိုင်ရှင်များ(အခမဲ့) လူမှုကူညီရေးအသင်း(ကျိုင်းတုံ)

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net