မီးခိုးမြူများ ဖုံးလွှမ်းနေသည့် တာချီလိတ်တွင် မီးသတ်တပ်ဖွဲ့က (၄)ရက်ဆက်တိုက် ရေမှုန် ရေမွှား ပက်ဖြန်းပေးနေ

မီးခိုးမြူများ ဖုံးလွှမ်းနေသည့် တာချီလိတ်တွင် မီးသတ်တပ်ဖွဲ့က (၄)ရက်ဆက်တိုက် ရေမှုန် ရေမွှား ပက်ဖြန်းပေးနေ
မတ် 15, 2020
By Tachileik News Agency

မီးခိုးမြူများ ဖုံးလွှမ်းနေသည့် တာချီလိတ်တွင် မီးသတ်တပ်ဖွဲ့က (၄)ရက်ဆက်တိုက် ရေမှုန် ရေမွှား ပက်ဖြန်းပေးနေ

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့တွင် နယ်စပ်တစ်လျှောက် တောမီးရှို့မှုများကြောင့် မီးခိုးမြူထူထပ်စွာ ဖုံးလွှမ်းနေသဖြင့် လေထုအတွင်း ရေမှုန်ရေမွှား ပက်ဖြန်းခြင်းကို  မီးသတ်တပ်ဖွဲ့က ၂၀၂၀ ခုနှစ်၊ မတ်လ (၁၅)ရက်နေ့တွင် စတုတ္ထမြောက်နေ့အဖြစ် ဆက်လက် ဆောင်ရွက်နေသည်။

တောင်ယာစိုက်ပျိုးသူများက တောမီးရှို့မှုကြောင့် တာချီလိတ်မြို့ပေါ်တွင် မတ်လ (၁၁)ရက်နေ့မှစ၍ မီးခိုးမြူများ ဖုံးလွှမ်းလာပြီး မတ်လ (၁၅)ရက်နေ့တွင် မီးခိုးမြူထူထပ်မှု အခြေအနေ ပိုဆိုးလာခဲ့ခြင်းဖြစ်သည်။

မီးခိုးမြူဖုံးလွှမ်းမှုကြောင့် အသက်ရှုကြပ်ခြင်း၊ မျက်စိစပ်ခြင်း၊ နှာရည်ယိုခြင်းစသည့် လက္ခဏာများ ခံစားနေရသဖြင့် မီးသတ်တပ်ဖွဲ့က မီးသတ်ရေသယ်ယာဉ်(၂)စီး၊ မြို့နယ်အရန်မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ စည်ပင်ရေသယ်ယာဉ်(၁)စီး၊ သစ်တောဌာနမှ ရေသယ်ယာဉ်(၁)စီးတို့ဖြင့် နံနက်ပိုင်းနှင့် ညနေပိုင်းတို့တွင် ရေမှုန်ရေမွှား ပက်ဖြန်းပေးထားသည်။

Tachileik News Agency
ဓါတ်ပုံ- တာချီလိတ်ခရိုင်မီးသတ်ဦးစီးဌာန


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~