တာချီလိတ်မြို့ ပုန်းထွန်ရပ်ကွက်အတွင်း ဂက်စ်အိုးမှတစ်ဆင့် မီးလောင်မှုဖြစ်

တာချီလိတ်မြို့ ပုန်းထွန်ရပ်ကွက်အတွင်း ဂက်စ်အိုးမှတစ်ဆင့် မီးလောင်မှုဖြစ်
ဖေဖော်ဝါရီ 23, 2020
By Tachileik News Agency
တာချီလိတ်မြို့ ပုန်းထွန်ရပ်ကွက်အတွင်း ဂက်စ်အိုးမှတစ်ဆင့် မီးလောင်မှုဖြစ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ ပုန်းထွန်ရပ်ကွက်အတွင်း အထကခွဲ(ပုန်းထွန်)ကျောင်းလမ်းတွင် ၂၀၂၀ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၂၃)ရက်နေ့ ညနေ (၅)နာရီခွဲဝန်းကျင်က ဂက်စ်အိုးမှတစ်ဆင့် မီးလောင်မှုဖြစ်ပွားသည်။

“အိမ်မှာ ဟင်းချက်ရင်း ဂက်စ်အိုးပိုက်ကပေါက်ပြီး လောင်တာလို့ ပြောတယ်။ ဂက်စ်အိုးပိုက်က မကောင်းလို့ လဲဖို့ပြောနေတာကြာပြီ။ မလဲဖြစ်တာလို့ ပြောတယ်”ဟု ပုန်းထွန်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစိုင်းဖတ်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ဂက်စ်အိုးမှ မီးလောင်ကျွမ်းမှုဖြစ်ခဲ့၍ အိမ်နီးချင်းများက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့၍ အခြားနေရာများသို့ ကူးစက်လောင်ကျွမ်းခဲ့ခြင်းမရှိခဲ့ဘဲ မီးလောင်သည့်သတင်းကြောင့် မီးသတ်တပ်ဖွဲ့က မီးသတ်ယာဉ်(၃)စီးဖြင့် ရောက်ရှိလာသည်ကို တွေ့ရသည်။

“ကျွန်တော်က အပေါ်ထပ်မှာ သူတို့အော်သံတွေကြားတော့ ပြေးဆင်းလာပြီး ဝင်တော့ အခန်းထဲ စစချင်း ဘာမှ မမြင်ရဘူး။ မွှန်နေတာပဲ။ အဲဒါ ဂက်စ်အိုးကို စောင်နဲ့အုပ်ပစ်လိုက်တာ။ သူတို့လည်း စောင်တွေ ဆွဲထုတ်လာပေးတယ်။ စောင်တွေ ရေဆွတ်အုပ်လိုက်တော့ မီးငြိမ်းသွားတယ်။ တော်သေးတယ် ဘယ်မှ မကူးလို့”ဟု မီးလောင်မှုကို စတင်ငြှိမ်းသတ်ပေးခဲ့သည့် အိမ်နီးချင်း အမျိုးသားက ပြောသည်။

မီးလောင်မှုဖြစ်ချိန်တွင် အဆိုပါနေအိမ်ရှိ မိသားစု (၅)ဦးအနက် မိဘနှစ်ဦးသာ ကျန်ခဲ့ပြီး ဟင်းချက်နေစဉ် ဟောင်းနေသည့် ဂက်စ်အိုးပိုက်လိုင်းမှ မီးလောင်ကျွမ်းခြင်းဖြစ်သည်ဟု သိရသည်။

မီးလောင်မှုကြောင့် အိမ်ရှင်အမျိုးသား၏လက်တွင် အပူလောင်သည့်ဒဏ်ရာအနည်းငယ် ရသွားသော်လည်း အခြားထိခိုက်ဒဏ်ရာရမှု မရှိကြောင်း တွေ့ရသည်။

Tachileik News Agency
သတင်း - ချယ်ရီထိုက်
ဓါတ်ပုံ - ကျော်ဇင်ဟိန်း

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~