ရေပူစမ်းက လားဟူတိုင်းရင်းသားရိုးရာနှစ်သစ်ကူးပွဲ

ရေပူစမ်းက လားဟူတိုင်းရင်းသားရိုးရာနှစ်သစ်ကူးပွဲ
ဇန်နဝါရီ 3, 2020
By Tachileik News Agency

တင်ဆက် - ကိုဇောင်း
သတင်းရိုက်ကူး - ဟန်စိုးထိုက်

ရေပူစမ်းက လားဟူတိုင်းရင်းသားရိုးရာနှစ်သစ်ကူးပွဲ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ် လွယ်တော်ခမ်းကျေးရွာအုပ်စုအပိုင်းထဲက ရေပူစမ်းကျေးရွာမှာ (၂၂) ကြိမ်မြောက် လားဟူတိုင်းရင်းသားရိုးရာ နှစ်သစ်ကူးပွဲတော်ကို ၂၀၂၀ ခုနှစ် ဇန်နဝါရီလ(၂)ရက်နေ့က ကျင်းပခဲ့ပြီး ဆက်လက်ပြီးတော့လည်း ရေပူစမ်းကျေးရွာ အနီးတစ်ဝိုက်မှာရှိတဲ့ မယ်အော၊ နာတာလိ စတဲ့ လားဟူတိုင်းရင်းသားများ နေထိုင်ရာကျေးရွာတွေမှာ ကျင်းပနေလျက်ရှိပါတယ်။

အခုလို ရိုးရာပွဲတော် ကျင်းပတာနဲ့ ပတ်သက်ပြီး ဘိုးဘွားများရဲ့ အစဉ်အလာတွေ မပျောက်မပျက်အောင်နဲ့ လူငယ်တွေကို လက်ဆင့်ကမ်းနိုင်အောင် ကျင်းပလာတာဖြစ်သလို စုပေါင်းပွဲတွေကို မြို့နယ်တွေအလိုက် ကျင်းပသွားမှာဖြစ်ကြောင်း ပွဲဖြစ်မြောက်ရေးကော်မတီမှ ဦးစိုင်းနော်က ပြောပါတယ်။

လားဟူတိုင်းရင်းသားရိုးရာ နှစ်သစ်ကူးပွဲတော်ရဲ့ ဖွင့်ပွဲ အခမ်းအနားကို တြိဂံဒေသတိုင်း စစ်ဌာနချုပ် တိုင်းမှုး ဗိုလ်ချုပ် ခင်လှိုင်၊ စစ်ဗျူဟာ(အခြေချ) တာချီလိတ်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး သော်ဇင်ဦးနဲ့  ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမှ ဒုတိယပြည်နယ်အုပ်ချုပ်ရေးမှူး ဦးရဲနိုင်၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်၊ ခရိုင်နဲ့ မြို့နယ်အဆင့် ဌာနဆိုင်ရာတွေ အပါအဝင် တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပါတယ်။

လားဟူတိုင်းရင်းသားများရဲ့  စုပေါင်းနှစ်သစ်ကူးပွဲတော်ကိုတော့ တာချီလိတ်မြို့လယ်မှာရှိတဲ့  ရှမ်းရိုးမကွင်းမှာ ၂၀၂၀ခုနှစ်ရဲ့ ဇန်နဝါရီလ သို့မဟုတ် ဖေဖော်ဝါရီလထဲမှာ ကျင်းပဖို့ လျာထားတယ်လို့ သိရပါတယ်။

Tachileik News Agency
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~