ကျိုင်းတုံမြို့နယ်အတွင်း မြို့နှင့်အလှမ်းဝေးသည့် ကျေးရွာမဲရုံများတွင် စည်ပင်ဝန်ထမ်းများ အားဖြည့်တာဝန်ယူမည်

ကျိုင်းတုံမြို့နယ်အတွင်း မြို့နှင့်အလှမ်းဝေးသည့် ကျေးရွာမဲရုံများတွင် စည်ပင်ဝန်ထမ်းများ အားဖြည့်တာဝန်ယူမည်
နိုဝင်ဘာ 6, 2020
By Tachileik News Agency
ကျိုင်းတုံမြို့နယ်အတွင်း မြို့နှင့်အလှမ်းဝေးသည့် ကျေးရွာမဲရုံများတွင် စည်ပင်ဝန်ထမ်းများ အားဖြည့် တာဝန်ယူမည်
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ်အတွင်း မြို့နှင့်အလှမ်းဝေးသည့် ကျေးရွာမဲရုံ (၄)ရုံတွင် အခြားဌာနမှဝန်ထမ်းများနှင့်အတူ မဲရုံတာဝန်ထမ်းဆောင်ရန် စည်ပင်သာယာရေးဝန်ထမ်း (၁၈) ဦးကို တာဝန်ပေးစေလွှတ်ထားကြောင်း သိရသည်။
“မိုင်းပန် (လယ်) ကျေးရွာအုပ်စုထဲက မဲရုံ (၄)ရုံမှာ တာဝန်ထမ်းဆောင်ကြမှာပါ။ ဝန်ထမ်းအင်အား (၁၈)ဦးပါ။ ကျွန်တော်တို့ စည်ပင်ဝန်ထမ်းတစ်ခုထဲ မဟုတ်ပါဘူး။ တခြားဌာနတွေအများကြီးပါတယ်။ မြို့နယ်ထွေအုပ်က စီစဉ်တာပါ။”ဟု ကျိုင်းတုံမြို့နယ်စည်ပင်သာယာရေးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်မင်းထိုက်က တာချီလိတ်သတင်းအေဂျင်စီသို့ ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ (၆)ရက်နေ့၌ ပြောသည်။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် မဲရုံများတွင် COVID 19 ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ မဲပေးနိုင်ရေးအတွက် ပညာရေးဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများအပြင် အခြားသက်ဆိုင်ရာဌာနများက ပူးပေါင်းဆောင်ရွက်နေကြခြင်းဖြစ်သည်။
  Tachileik News Agency
ဓါတ်ပုံ - ကျိုင်းတုံ စည်ပင်
 


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~