မြန်မာနိုင်ငံနှင့် နီးသည့် ထိုင်းနိုင်ငံတွင် COVID 19 အတည်ပြုလူနာ (၈၀၀)ကျော်ရှိလာ၍ နိုင်ငံတော်အရေးပေါ်အခြေအနေ ကြေညာ

မြန်မာနိုင်ငံနှင့် နီးသည့် ထိုင်းနိုင်ငံတွင် COVID 19 အတည်ပြုလူနာ (၈၀၀)ကျော်ရှိလာ၍ နိုင်ငံတော်အရေးပေါ်အခြေအနေ ကြေညာ
မတ် 24, 2020
By Tachileik News Agency
မြန်မာနိုင်ငံနှင့် နီးသည့် ထိုင်းနိုင်ငံတွင် COVID 19 အတည်ပြုလူနာ (၈၀၀)ကျော်ရှိလာသည့် နိုင်ငံတော်အရေးပေါ်အခြေအနေ ကြေညာ

ထိုင်းနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်(COVID-19) အတည်ပြုလူနာ (၈၂၇)ဦးအထိ တိုးလာသည့် ၂၀၂၀ ခုနှစ်၊ မတ်လ (၂၄)ရက်နေ့၌  နိုင်ငံတော်အရေးပေါ်အခြေအနေ ကြေညာလိုက်ပြီဖြစ်သည်။

အဆိုပါ ကြေညာချက်မှာ မတ်လ (၂၆)ရက်နေ့တွင် စတင်သက်ဝင်ပြီး တစ်လကြာမြင့်မည်ဖြစ်ကြောင်း နှင့်  အခြေအနေပေါ်မူတည်ပြီး လူစုလူဝေးနေရာများအား ထပ်မံပိတ်သိမ်းသွားမည်ဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် (COVID - 19) အတည်ပြုလူနာသစ် (၁၀၆)ဦးကို  မတ်လ (၂၄) ရက်နေ့တွင် တွေ့ရသဖြင့် အတည်ပြုလူနာစုစုပေါင်း (၈၂၇)ဦးထိရှိလာပြီဖြစ်ပြီး မတ်လ (၂၃)ရက်နေ့က သေဆုံးသူ (၃)ဦးတိုးလာ၍ စုစုပေါင်းသေဆုံးသူ (၄)ဦးရှိလာခြင်းဖြစ်သည်။

အတည်ပြုလူနာများစာရင်းတွင် ဆရာဝန်များနှင့် ကျန်းမာရေးဝန်ထမ်းများလည်း ပါဝင်လာပြီး သံသယလူနာများက ခရီးသွားရာဇဝင် အမှန်အတိုင်း ထုတ်ဖေါ်မပြောခြင်း၊ လိမ်ညာခြင်းများကြောင့် ကူးစက်ခံကြရခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်ထိ အတည်ပြုလူနာ (၈၂၇)ဦးတွင် (၇၆၆)ဦးမှာ ကုသမှုခံယူနေကာ၊ (၅၇)ဦး ကျန်းမာရေးပြန်လည်ကောင်းမွန်သွားပြီး (၄)ဦး သေဆုံးသွားခြင်းဖြစ်သည်။

သေဆုံးသွားသူများမှာ အခြားနာတာရှည်ရောဂါများ ခံစားနေရသူများဖြစ်သည်ဟု သိရသည်။

Tachileik News Agency
Source: The Nation


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~