ရေနံချောင်းမြို့တွင် အိမ်ခြေမဲ့  မသန်စွမ်းအမျိုးသားတစ်ဦးက အောက်ဆီဂျင်စက်ရုံအတွက် ကျပ်(၃၀,၀၀၀)လှူ

ရေနံချောင်းမြို့တွင် အိမ်ခြေမဲ့  မသန်စွမ်းအမျိုးသားတစ်ဦးက အောက်ဆီဂျင်စက်ရုံအတွက် ကျပ်(၃၀,၀၀၀)လှူ
ဇူလိုင် 20, 2021 | Covid-19

COVID 19 တတိယလှိုင်းအတွင်း အောက်ဆီဂျင်မရ၍ သေဆုံးရသူ နေ့စဉ်နှင့်အမျှတိုးလာချိန်အတွင်း မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်တွင် ကျပ်သိန်း(၈၀၀)ဝန်းကျင် ကုန်ကျမည့် အောက်ဆီဂျင်စက်ရုံတည်ဆောက်ရေးအတွက်  တွန်းလှည်းတစ်စီးဖြင့် နေထိုင်သည့် အိမ်ခြေမဲ့ မသန်စွမ်းအမျိုးသားတစ်ဦးက ကျပ်(၃၀,၀၀၀) ထည့်ဝင်လှူဒါန်းပေးလာကြောင်း သိရသည်။

ရေနံချောင်းမြို့တွင်း လမ်းဘေးတွင် တွန်းလှည်းတစ်စီးဖြင့် နေထိုင်သည့် အိမ်ခြေမဲ့ ဦးဘိုကြည်မောင်က ၂၀၂၁ခုနှစ် ဇူလိုင်လ(၁၈)ရက်နေ့က ကျပ်(၃၀,၀၀၀)လှူဒါန်းပေးလာခြင်း ဖြစ်ပြီး ၎င်းအား အများက ပေးကမ်းမျှဝေထားသည့်ငွေကြေးကို မသုံးဘဲ စုထားပြီး လှူဒါန်းပေးလာခြင်း ဖြစ်သည်ဟု သိရသည်။

ဦးဘိုမောင်ကြည်သည် အိမ်ခြေမဲ့ မသန်စွမ်းသူတစ်ဦးဖြစ်၍ အများပြည်သူ၏ ပေးကမ်းမျှဝေပေးမှုဖြင့် နေထိုင်ရသူဖြစ်ကြောင်း သိရသည်။

ရေနံချောင်းမြို့နယ်အတွက်  အောက်ဆီဂျင်စက်ရုံတည်ဆောက်ရေးမှာ ကျပ်သိန်း(၈၀၀)ဝန်းကျင် ကုန်ကျမည်ဖြစ်ပြီး လက်ရှိတွင် ကျပ်သိန်း(၄၀၀)ဝန်းကျင်အထိ ရရှိထားကြောင်းနှင့် အဆိုပါ စက်ရုံမှ တစ်နေ့လျှင် အောက်ဆီဂျင် လီတာ(၄၀)အိုးကြီး အလုံး (၄၀)ဝန်းကျင် ဖြန့်ဝေနိုင်မည်ဖြစ်ကြောင်းလည်း သိရသည်။

ရေနံချောင်းမြို့နယ် Covid-19 တတိယလှိုင်းကာလအတွင်း ဇူလိုင်လ(၁၉)ရက်နေ့အထိ Covid-19 ကူးစက်ခံထားရသူ စုစုပေါင်း (၁၀၄)ဦးအထိရှိျနေပြီး ဆေးရုံဆင်းခွင့်ရရှိသူ (၂၄)ဦး နှင့် သေဆုံးသူ (၁)ဦးရှိနေကြောင်း သိရသည်။

အာဏာသိမ်းခံထားရသည့်ကာလအတွင်း ကြုံတွေ့နေရသည့် COVID 19 တတိယလှိုင်းအတွင်း ကူးစက်နှုန်းမြင့်မားနေပြီး ကုသမှုမရဘဲ သေဆုံးရသူအရေအတွက်လည်း မြင့်မားနေခြင်းဖြစ်သည်။

#TachileikNewsAgency

Photo: CJ