တာချီလိတ်ရှိ အဝေးပြေးကားဂိတ်တွင် ထိုင်းမှတဆင့် နေရပ်ပြန်များကို ကိုယ်အပူချိန် စစ်ဆေးကာ လက်ဆေးရေဖြန်းပေးတာချီလိတ်ရှိ အဝေးပြေးကားဂိတ်တွင် ထိုင်းမှတဆင့် နေရပ်ပြန်များကို ကိုယ်အပူချိန် စစ်ဆေးကာ လက်ဆေးရေဖြန်းပေး

တာချီလိတ်ရှိ အဝေးပြေးကားဂိတ်တွင် ထိုင်းမှတဆင့် နေရပ်ပြန်များကို ကိုယ်အပူချိန် စစ်ဆေးကာ လက်ဆေးရေဖြန်းပေးတာချီလိတ်ရှိ အဝေးပြေးကားဂိတ်တွင် ထိုင်းမှတဆင့် နေရပ်ပြန်များကို ကိုယ်အပူချိန် စစ်ဆေးကာ လက်ဆေးရေဖြန်းပေး
မတ် 25, 2020
By Tachileik News Agency
တာချီလိတ်ရှိ အဝေးပြေးကားဂိတ်တွင် ထိုင်းမှတဆင့် နေရပ်ပြန်များကို ကိုယ်အပူချိန် စစ်ဆေးကာ လက်ဆေးရေဖြန်းပေး

COVID-19 ထိန်းချုပ် ကာကွယ်ရေးကာလအတွင်း   ထိုင်းနိုင်ငံ မယ်ဆိုင်မြို့မှတဆင့် တာချီလိတ်သို့ ပြန်လည်ရောက်ရှိလာသည့် မြန်မာနိုင်ငံသား တရားဝင်အလုပ်သမား (၅၀၀)ကျော်ရှိနေသည့်အတွက် နယ်မြို့များသို့ ကားဖြင့် ပြန်သူများရှိနေ၍ ကားဂိတ်တွင်လည်း ကိုယ်အပူချိန် တိုင်းတာမှုများကို လုပ်ဆောင်နေကြောင်း သိရသည်။

တာချီလိတ်မြို့ရှိ ပါဆတ်ကားလေးကွင်းတွင် ကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၊ တပ်ဖွဲ့စိတ်(၁)တာချီလိတ်၊ ပြည်သူ့စစ်အဖွဲ့ဝင်များ၊ မဇ္ဈိမလူမှုကူညီရေးအသင်း နှင့် 1G1 7Hotel နှင့် 1G1 8Hotel မှ ဝန်ထမ်းများ ပါဝင်သည့်အဖွဲ့က မတ်လ(၂၅)ရက်နေ့တွင် ကိုယ်အပူချိန်တိုင်းတာစစ်ဆေးပေးခြင်း၊ လက်ဆေးရန် ဆေးဖြန်းပေးခြင်း နှင့် အသိပညာပေးမှုများ လုပ်ဆောင်ကြောင်း သိရသည်။

COVID-19 ထိန်းချုပ် ကာကွယ်ရေးအတွက် တာချီလိတ်ရှိ လေဆိပ် နှင့် ကားဂိတ်များတွင် စစ်ဆေးမှုများ ပြုလုပ်ရာ လူမှုရေးအသင်းအဖွဲ့များ၊ အရပ်ဖက်အဖွဲ့အစည်းများ၏ အကူအညီများလိုအပ်နေသည့်အတွက် တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူးရုံးလာရောက်ကာ စာရင်းပေးနိုင်ကြောင်း သိရသည်။

Tachileik News Agency
သတင်း/ဓါတ်ပုံ - ကျော်ဇင်ဟိန်း


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~