ကျိုင်းတုံမြို့တွင် တာချီလိတ်က အတည်ပြုလူနာနှင့်ထိတွေ့ခဲ့သည့် တစ်ဦးထံက Covid-19 ပိုးတွေ့

ကျိုင်းတုံမြို့တွင် တာချီလိတ်က အတည်ပြုလူနာနှင့်ထိတွေ့ခဲ့သည့် တစ်ဦးထံက Covid-19 ပိုးတွေ့
နိုဝင်ဘာ 26, 2020
By Tachileik News Agency

 

ကျိုင်းတုံမြို့တွင် တာချီလိတ်က အတည်ပြုလူနာနှင့်ထိတွေ့ခဲ့သည့် တစ်ဦးထံက Covid-19 ပိုးတွေ့

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့မှ အတည်ပြုလူနာ တစ်ညတည်းခိုခဲ့သည့် ကျိုင်းတုံမြို့မှနေအိမ်မှ မိသားစု (၆)ဦးအား ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ (၂၆)ရက်နေ့ နံနက်က RDT ဖြင့် စစ်ဆေးရာ (၈)နှစ်အရွယ် ကလေးတစ်ဦးတွင် COVID 19 ပိုးတွေ့ရကြောင်း စစ်ဆေးတွေ့ရှိထားပြီး ကျန် (၃၁) ဦးကို ဆက်လက်စစ်ဆေးနေကြောင်း သိရသည်။
“ contact အိမ်မှာနေတဲ့ မိသားစု (၆)ယောက်ကို အရင်စစ်တာမှာ (၈) နှစ်သမီးက positive ဖြစ်တယ်။ ကျန် (၃၁) ဦးကိုတော့ အခုသွားပြီး စစ်နေကြပါပြီ။ သူတို့ (၃၇)ယောက်ကို မနေ့ကတော့ နေရာအသီးသီးမှာပဲ lock down လုပ်ထားတယ်။ အခုတော့ facility quarantine ထားဖို့ညှိနှိုင်းနေပြီ။ အတည်ပြုလူနာကတော့ ဆေးရုံခေါ်မှာပါ”ဟု ရှမ်းပြည်နယ် (အရှေ့ပိုင်း) ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ လက်ထောက်ညွှန်ကြားရေးမှူး (တိုးချဲ့ကာကွယ်ဆေး/ကူးစက်) ဒေါက်တာလင်းထွဋ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
တာချီလိတ်မှ အတည်ပြုလူနာသည် သူငယ်ချင်းများနှင့်အတူ နိုဝင်ဘာလ (၂၀) ရက်နေ့က ကျိုင်းတုံသို့ သွားရောက် လည်ပတ်စဉ် တစ်ညအိပ်ခဲ့သည့် နေအိမ်မှ မိသားစု (၆)ဦးနှင့် ဗုဒ္ဓဥယျာဉ်အနီးရှိ တည်းခိုခန်းမှ ဝန်ထမ်းများ အပါအဝင် စုစုပေါင်း (၃၁)ဦးတို့ကို နိုဝင်ဘာလ (၂၅)ရက်နေ့ ညကတည်းက အသွားအလာကန့်သတ်ထားကာ နိုဝင်ဘာလ (၂၆)ရက်နေ့၌ RDT ဖြင့် စစ်ဆေးနေခြင်းဖြစ်သည်။
တာချီလိတ်မြို့မှ အတည်ပြုလူနာကို ခရိုင်ပြည်သူ့ဆေးရုံ ကိုဗစ်ကုသရေးဆောင်၌ ကုသပေးနေပြီး တာချီလိတ်မှ ထိတွေ့သူ (၇)ဦးကို အသွားအလာကန့်သတ်ထားကာ ကျန်ထိတွေ့သူများကို ဆက်လက်ရှာဖွေနေဆဲဖြစ်သည်။
Tachileik News Agency
သတင်း - ချယ်ရီထိုက်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~