တာချီလိတ်မြို့တွင် Covid-19 ကူးစက်ခံထားရသူ (၆၆)ဦး ထပ်တိုး

တာချီလိတ်မြို့တွင် Covid-19 ကူးစက်ခံထားရသူ (၆၆)ဦး ထပ်တိုး
သြဂုတ် 2, 2021 | Covid-19| ရှမ်းရှေ့

တာချီလိတ်မြို့တွင် ယနေ့ ဩဂုတ်လ(၂)ရက်နေ့၏ တစ်နေ့တာအတွင်း RDT Test Kit ဖြင့် စစ်ဆေးချက်များအရ Covid-19 ပိုး ကူးစက်ခံထားရသူ (၆၆)ဦး ထပ်တိုးကြောင်း သိရသည်။

ယနေ့ ပိုးတွေ့ (၆၆)ဦး တွင် အမျိုးသား (၃၁)ဦး နှင့် အမျိုးသမီး (၃၅)ဦးတို့ ပါဝင်ပြီး ၎င်းတို့ထဲတွင် အသက်အငယ်ဆုံးအနေဖြင့် အသက်(၂)ဝန်းကျင်အရွယ် ကလေးငယ်တစ်ဦး နှင့် အသက်အကြီးဆုံးအနေဖြင့် အသက် (၆၀)နှစ်အထက် (၅)ဦးအထိ ပါဝင်ကြောင်း သိရသည်။

တာချီလိတ်မြို့၏ Covid-19 တတိယလှိုင်းကာလ၏ (၃၆)ရက်အတွင်း ဩဂုတ်လ(၂)ရက်နေ့ ညနေပိုင်း အချိန်အထိ Covid-19 ကူးစက်ခံထားရသူများတွင် မိမိအစီစဉ်ဖြင့် လုပ်ငန်းခွင် နှင့် နေအိမ်များတွင် စစ်ဆေး ပိုးတွေ့ စာရင်းများ မပါဝင်ဘဲ ဌာနဆိုင်ရာများ၏ တရားဝင်စာရင်းအရ (၁,၄၄၈)ဦး အထိရှိနေပြီး သေဆုံးသူမှာ (၁၀)ဦးအထိရှိနေကာ ဆေးရုံမှ ဆင်းခွင့်ရရှိသွားသူမှာ (၇၀၀)ဝန်းကျင်အထိ ရှိနေကြောင်း သိရသည်။