တာချီလိတ်မြို့ ဝမ်ပုံရှိ မဲခေါင်မြစ်ကမ်းဘေး၌ ပုဂ္ဂလိကအပန်းဖြေစခန်းနှင့် လူနေအိမ်ယာ တည်ဆောက်ခွင့်ပြုထား

တာချီလိတ်မြို့ ဝမ်ပုံရှိ မဲခေါင်မြစ်ကမ်းဘေး၌ ပုဂ္ဂလိကအပန်းဖြေစခန်းနှင့် လူနေအိမ်ယာ တည်ဆောက်ခွင့်ပြုထား
ဖေဖော်ဝါရီ 16, 2020
By Tachileik News Agency

တာချီလိတ်မြို့ ဝမ်ပုံရှိ မဲခေါင်မြစ်ကမ်းဘေး၌  ပုဂ္ဂလိကအပန်းဖြေစခန်းနှင့် လူနေအိမ်ယာ တည်ဆောက်ခွင့်ပြုထား

မြန်မာ  - လာအို - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း(က) ကျေးရွာအုပ်စုအတွင်း မြန်မာ-လာအိုနယ်စပ် မဲခေါင်မြစ်ကမ်းဘေးတွင် ဖွင့်လှစ်ထားသည့် ဇွဲသာယာအပန်းဖြေစခန်း၌ ၂၀၂၀ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁၆) ရက်နေ့အထိ စားသောက်ဆိုင်ခန်းပေါင်း (၅၀) လာရောက်ဖွင့်လှစ်ထားပြီဖြစ်ကြောင်း သိရသည်။

မဲခေါင်မြစ်ကမ်းတွင် ပုဂ္ဂလိကအပန်းဖြေစခန်းနေရာအဖြစ် ၂၀၁၉ ခုနှစ်တွင် လုပ်ကိုင်ခွင့်ရထားသဖြင့် ဆိုင်ခန်းများ တည်ဆောက်ငှားရမ်းနေခြင်းဖြစ်ကာ ဈေးဆိုင်ခန်းများတွင် ရောင်းချသည့် အစားအသောက် ဈေးနှုန်းများကို ဇွဲသာယာအပန်းဖြေစခန်းက သတ်မှတ်ပေးထားကြောင်း သိရသည်။

သာသာယာ လာလည်စေချင်တဲ့အတွက် စားသုံးတဲ့နေရာမှာလည်း အဆမတန်ဈေးတွေ မရှိဘူး။ ပုံမှန်ဈေးနဲ့ ရောင်းခိုင်းထားတယ်။ ဈေးသည်တွေကိုလည်း လိုက်သတ်မှတ်ပေးထားတယ်။ လက်မခံရင် အရောင်းမခံဘူး။ ဒီမှာလာလည်တဲ့သူတွေကို စိတ်ချမ်းသာစေချင်တယ်

ဟု ဇွဲသာယာအပန်းဖြေစခန်းလုပ်ကိုင်သူ ဦးဇွဲက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ဇွဲသာယာအပန်းဖြေစခန်းတွင် စားသောက်ဆိုင်နှင့် ဈေးဆိုင်ခန်းများကို ငှားရမ်းပေးနေပြီး ကား၊ ဆိုင်ကယ်များကို ဝင်ကြေးကောက်ခံခြင်း မရှိကြောင်း သိရသည်။

နှစ်နိုင်ငံ နယ်စပ်မြစ်ဖြစ်သည့် မဲခေါင်မြစ်ကမ်းဘေးတွင် ဇွဲသာယာကမ်းခြေအဖြစ် ၂၀၁၈ ခုနှစ်အတွင်းက ခွင့်ပြုချက်မရမီ လုပ်ဆောင်ခဲ့သဖြင့် ဈေးဆိုင်ခန်းများ ပြန်လည်ဖျက်သိမ်းခဲ့ရပြီးနောက် ၂၀၁၉ ခုနှစ်၊ နှစ်ကုန်ပိုင်းတွင် အပန်းဖြေစခန်းနှင့် လူနေအိမ်ယာဆောက်လုပ်ခွင့် ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်
ဓါတ်ပုံ - ကျော်ဇင်ဟိန်း

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~