တာချီလိတ်၊ ကျိုင်းတုံ၊ မိုင်းဖြတ် တာလေ၊ မိုင်းယောင်း နှင့် ကျိုင်းလပ်မြို့များအတွက် မယ်ဆိုင်ဘက်က အခေါင်း (၂၀၀)ကျော် လှူဒါန်း

တာချီလိတ်၊ ကျိုင်းတုံ၊ မိုင်းဖြတ် တာလေ၊ မိုင်းယောင်း နှင့် ကျိုင်းလပ်မြို့များအတွက် မယ်ဆိုင်ဘက်က အခေါင်း (၂၀၀)ကျော် လှူဒါန်း
သြဂုတ် 14, 2021 | ရှမ်းရှေ့

 ထိုင်းနိုင်ငံမှ စေတနာရှင်များက မယ်ဆိုင်မြို့ရှိ လူမှုကရုဏာ လူမှုကူညီရေးအသင်းထံ၌ လှူဒါန်းထားသော ခေါင်းတလားအလုံးရေ (၂၁၀) ကို ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသများရှိ လူမှုကူညီရေးအသင်းများထံ ထပ်မံလှူဒါန်းပေးရန် အတွက် ၂၀၂၁ ခုနှစ် ဩဂုတ်လ (၁၄) ရက်နေ့တွင် တာချီလိတ်သို့ ပေးပို့ထားကြောင်း သိရသည်။

အဆိုပါ ခေါင်းတလားများကို မယ်ဆိုင် - တာချီလိတ် နယ်စပ်ဖြတ်ကျော်သယ်ဆောင်ရေးအတွက် မယ်ဆိုင်မြို့ရှိ လွယ်ဝေါင်း(ဦးအောင်ဇေယျ) ကျောင်းထိုင်ဆရာတော်၊ မြန်မာ - ထိုင်းနယ်ခြားကော်မတီ အကူအညီဖြင့် သက်ဆိုင်ရာဌာနများထံ ခွင့်ပြုချက်ရယူ၍ တာချီလိတ်မြို့ရှိ  ပါလျှံတရုတ်ဘုံကျောင်းသို့  ပို့ဆောင်ပေးထားခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ခေါင်းတလားများအား ကျိုင်းတုံ၊ တာချီလိတ် ၊တာလေ ၊မိုင်းဖြတ်၊ ကျိုင်းလပ်နှင့် မိုင်းယောင်းမှ လူမှုကူညီရေးအသင်းများ အသုံးပြုနိုင်ရန်အတွက် မယ်ဆိုင်မြို့အခြေစိုက် လူမှုကရုဏာ လူမှုကူညီရေးအသင်း(မယ်ဆိုင်)က တစ်ဆင့်လှူဒါန်းပေးခြင်းဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံဘက်မှ ပြည်သူများက လှူဒါန်းသည့် ခေါင်းတလားများကို မယ်ဆိုင်မြို့အခြေစိုက် လူမှုကရုဏာ လူမှုကူညီရေးအသင်း(မယ်ဆိုင်)က ကတစ်ဆင့် ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသများမှ လူမှုကူညီရေးအသင်းများထံ မကြာခဏ ပေးပို့လှူဒါန်းလေ့ရှိသည်။

#TachileikNewsAgency

ဓါတ်ပုံ -  လူမှုကရုဏာ လူမှုကူညီရေးအသင်း(မယ်ဆိုင်)