တာချီလိတ်မြို့နယ် ဖန်မင်ကျေးရွာအုပ်စုအတွင်း မူးယစ်ဆေးဝါး နှင့် ဆက်စပ်ပစ္စည်းများ ဖမ်းမိ

တာချီလိတ်မြို့နယ် ဖန်မင်ကျေးရွာအုပ်စုအတွင်း မူးယစ်ဆေးဝါး နှင့် ဆက်စပ်ပစ္စည်းများ ဖမ်းမိ
ဒီဇင်ဘာ 4, 2020
By Tachileik News Agency
တာချီလိတ်မြို့နယ် ဖန်မင်ကျေးရွာအုပ်စုအတွင်း မူးယစ်ဆေးဝါး နှင့် ဆက်စပ်ပစ္စည်းများ ဖမ်းမိ 
မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့နယ်၊ ဖန်မင်ကျေးရွာအုပ်စုအတွင်း မူးယစ်ဆေးဝါးများနှင့် မူးယစ်ဆေးဝါးထုတ်လုပ်သည့် ဆက်စပ်ပစ္စည်းများကို ဒီဇင်ဘာလ(၃)ရက်နေ့က ဖမ်းဆီးရမိပြီး ပိုင်ရှင်အား ဖမ်းဆီးရမိရန် ဆက်လက်စုံစမ်းနေကြောင်း သိရသည်။
မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ တပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့က ၂၀၂၀ခုနှစ် ဒီဇင်ဘာလ (၃)ရက်နေ့ နံနက်(၆)နာရီခွဲဝန်းကျင်အချိန်တွင် ဖန်မင်ကျေးရွာအုပ်စု၊ မယ်ယန်းကျေးရွာရှိ ဘေစီလှ (ခ) အငယ်လေး(ကျား)၏ နေအိမ်အား ဝင်ရောက် စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား (၁,၉၃၀)ပြား နှင့် စိတ်ကြွဆေးမှုန့် (၃၀)ဂရမ်ဝန်းကျင် နှင့် မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများကို သိမ်းဆည်းရမိခြင်း ဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ နံနက်(၈)နာရီ အချိန်တွင် ဖန်မင်ကျေးရွာအုပ်စု၊ ဖန်မင်ကျေးရွာရှိ ဘေစီလှ၏ နောက်ထပ် အိမ်တစ်အိမ်ကိုလည်း သွားရောက် စစ်ဆေးရှာဖွေရာ နေအိမ်အတွင်း မူးယစ်ဆေးဝါးများ တွေ့ရှိရခြင်းမရှိကြောင်း နှင့် အဆိုပါ ကျေးရွာတွင်းရှိ ၎င်း၏ ကားဂိုဒေါင်သို့လည်း နံနက်(၈)နာရီခွဲတွင် သွားရောက်ရှာဖွေရာ မော်တော်ယာဉ်တစ်စီးကိုသာ တွေ့ရှိ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ထပ်မံ၍ ဘေစီလှ၏ နောက်ထပ် နေအိမ်တစ်အိမ်ဖြစ်သည့် ဖန်မင်ကျေးရွာအုပ်စု ပါဝုန်းကျေးရွာရှိ နေအိမ်သို့ သွားရောက် ရှာဖွေရာတွင်လည်း ဘေစီလှအား တွေ့ရှိရခြင်းမရှိဘဲ အိမ်ထောင်စုလူဦးရေစာရင်းမိတ္တူ (၁)စောင် နှင့် အခွန်ပြေစာ (၁)စောင်တို့သာ တွေ့ရှိရကြောင်း သိရသည်။

မူးယစ်ဆေးဝါးများ တွေ့ရှိသိမ်းဆည်းရမှုနှင့် ပတ်သက်၍ တရားခံအား ဖမ်းဆီးရမိရေးအတွက် စုံစမ်းဖော်ထုတ်နေပြီး အမှုဖွင့်လှစ်ထားရှိကြောင်း သိရှိရသည်။

 Tachileik News Agency

 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~