ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူတစ်ဦးတွေ့ထားသည့် အပျော်စီးသင်္ဘောကို ထိုင်းက ကမ်းကပ်ခွင့် ငြင်းပယ်မည်

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူတစ်ဦးတွေ့ထားသည့် အပျော်စီးသင်္ဘောကို ထိုင်းက ကမ်းကပ်ခွင့် ငြင်းပယ်မည်
ဖေဖော်ဝါရီ 11, 2020
By Tachileik News Agency

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူတစ်ဦးတွေ့ထားသည့် အပျော်စီးသင်္ဘောကို ထိုင်းက ကမ်းကပ်ခွင့် ငြင်းပယ်မည်

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူတစ်ဦးတွေ့ထား၍ ဂျပန်နိုင်ငံက ဆိပ်ကမ်းကပ်ခွင့် ငြင်းခံထားရသည့်  အပျော်စီးသင်္ဘော Westerdam ကို ထိုင်းနိုင်ငံကလည်း ကမ်းကပ်ခွင့်ပေးရန် ငြင်းပယ်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ အပျော်စီးသင်္ဘောက ခရီးသည်များကို ထိုင်းနိုင်ငံ၊ ချွန်ဘူရီရေနက်ဆိပ်ကမ်းတွင် ဆင်းခွင့်ပေးမည်ဟု ကြေညာလိုက်ပြီးနောက် ထိုင်းကျန်းမာရေးဝန်ကြီးက အဆိုပါ အပျော်စီးသင်္ဘောအား ကမ်းကပ်ခွင့်မပြုရန် သက်ဆိုင်ရာတာဝန်ရှိသူများထံ ညွှန်ကြားထားပြီးဖြစ်သည်ဟု ၎င်း၏လူမှုကွန်ယက်တွင် ရေးသားလာခြင်းဖြစ်ကြောင်း သိရသည်။

ခရီးသည်ပေါင်း (၁,၄၅၅)ဦးနှင့် သင်္ဘောအမှုထမ်းပေါင်း (၈၀၂)ဦး ပါဝင်သည့် အဆိုပါ သင်္ဘောသည် ၂၀၂၀ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၈)ရက်နေ့တွင် ဂျပန်နိုင်ငံ၊ နာဟာဆိပ်ကမ်းသို့ ဆိုက်ကပ်ရန် စီစဉ်ထားခဲ့ခြင်းဖြစ်သော်လည်း ဂျပန်နိုင်ငံက ကမ်းကပ်ခွင့် ငြင်းပယ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ သင်္ဘောတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူတစ်ဦး တွေ့ရှိပြီးနောက် ဖိလစ်ပိုင်နိုင်ငံ မနီလာဆိပ်ကမ်းနှင့် အမေရိကန်ပြည်ထောင်စု ဂူအန်ကျွန်းဆိပ်ကမ်းတို့တွင် ကမ်းကပ်ခွင့် ငြင်းပယ်ခံထားရခြင်းဖြစ်သည်။

လက်ရှိတွင် ဂျပန်နိုင်ငံ၊ ယိုကိုဟားမားဆိပ်ကမ်း၌ လွန်ခဲ့သည့်တစ်ပတ်ကတည်းက ဆိုက်ကပ်ထားသည့် Diamond Princess အပျော်စီးသင်္ဘောမှာလည်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရသူ (၆၆)ဦး တွေ့ရသဖြင့် သင်္ဘောပေါ်မှ ခရီးသည်များကို ဆင်းခွင့်မပြုသေးဘဲ ဖေဖေါ်ဝါရီလ (၁၉)ရက်နေ့အထိ ရက်သတ္တပတ် နှစ်ပတ်ကြာ သီးခြားစောင့်ကြည့်မှုလုပ်ဆောင်ထားခြင်းဖြစ်သည်။

စောင့်ကြည့်ကာလပြီးဆုံးပါက Diamond Princess မှ လူဦးရေ (၃,၆၀၀) ဝန်းကျင်ကို စစ်ဆေးပြီး ဗိုင်းရပ်စ်ကူးစက်ခံရခြင်း မရှိပါက ကမ်းဆင်းခွင့်ရကြမည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency
Source: CTN News

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~