တာချီလိတ်မြို့တွင် တစ်နေ့တည်း Covid-19 အတည်ပြုလူနာ (၂)ဦးတွေ့၍ ဆိုင်ထိုင်စားစနစ်ဖြင့် ရောင်းချနေသည့် စားသောက်ဆိုင်များကို လိုက်လံစစ်ဆေး အရေးယူမည်

တာချီလိတ်မြို့တွင် တစ်နေ့တည်း Covid-19 အတည်ပြုလူနာ (၂)ဦးတွေ့၍ ဆိုင်ထိုင်စားစနစ်ဖြင့် ရောင်းချနေသည့် စားသောက်ဆိုင်များကို လိုက်လံစစ်ဆေး အရေးယူမည်
နိုဝင်ဘာ 25, 2020
By Tachileik News Agency

 

တာချီလိတ်မြို့တွင် တစ်နေ့တည်း Covid-19 အတည်ပြုလူနာ (၂)ဦးတွေ့၍ ဆိုင်ထိုင်စားစနစ်ဖြင့် ရောင်းချနေသည့် စားသောက်ဆိုင်များကို လိုက်လံစစ်ဆေး အရေးယူမည်
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့တွင် တစ်နေ့အတွင်း COVID 19 အတည်ပြုလူနာ (၂)ဦး တွေ့ရှိရသည့်အတွက် ဆိုင်ထိုင်မရောင်းရန် ညွှန်ကြားချက်အား မလိုက်နာသည့် စားသောက်ဆိုင်များကို ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ (၂၅) ရက်နေ့ ည (၇)နာရီမှစ၍ လိုက်လံစစ်ဆေးအရေးယူမည်ဖြစ်ကြောင်း သိရသည်။
“ဒီည (၇) နာရီမှာ အကုန်လိုက်စစ်မယ်။ စားသောက်ဆိုင်တွေ ဆိုင်ထိုင်ရောင်းတာတွေ ရှိ၊ မရှိကိုစစ်မယ်။ ရပ်ကွက်တွေကလည်း ရပ်ကွက်အလိုက်ထွက်မယ်။ စည်ပင်ကလည်း စည်းကမ်းထိန်းသိမ်းရေးအဖွဲ့နဲ့ ထွက်မယ်။ ကျွန်တော်တို့ကတော့ မဇ္ဇျိမလူမှုကူညီရေးအသင်း ဦးတင့်ဆွေတို့အဖွဲ့နဲ့အတူ လိုက်ပြီး ဆော်သြမယ်”ဟု တာချီလိတ်မြို့နယ် COVID 19 ရောဂါ ထိန်းချုပ်ကာကွယ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီ ဥက္ကဌ၊ တာချီလိတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
လူစုလူဝေးဖြင့် COVID 19 ကူးစက်မှုမဖြစ်စေရန် စားသောက်ဆိုင်များကို ဆိုင်ထိုင်ရောင်းချသည့်စနစ် ခွင့်ပြုထားခြင်းမရှိဘဲ ပါဆယ်စနစ်ဖြင့် ရောင်းချရာတွင်လည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ညွှန်ကြားချက်များနှင့်အညီ ရောင်းချရန် ညွှန်ကြားထားခြင်းဖြစ်သည်။
Tachileik News Agency
သတင်း - ချယ်ရီထိုက် 
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~