တာချီလိတ်တွင် မီးဘေးကြိုတင်ကာကွယ်ရေးအတွက် မီးသတ်ရေကန်များအနီး အမှိုက်စွန့်ပစ်မှုများအား ရှင်းလင်းခြင်းနှင့် ရေဖြည့်တင်းခြင်း ဆောင်ရွက်ထားတာချီလိတ်တွင် မီးဘေးကြိုတင်ကာကွယ်ရေးအတွက် မီးသတ်ရေကန်များအနီး အမှိုက်စွန့်ပစ်မှုများအား ရှင်းလင်းခြင်းနှင့် ရေဖြည့်တင်းခြင်း ဆောင်ရွက်ထား

ဖေဖော်ဝါရီ 25, 2020
By Tachileik News Agency
တာချီလိတ်တွင် မီးဘေးကြိုတင်ကာကွယ်ရေးအတွက် မီးသတ်ရေကန်များအနီး အမှိုက်စွန့်ပစ်မှုများအား ရှင်းလင်းခြင်းနှင့် ရေဖြည့်တင်းခြင်း ဆောင်ရွက်ထား

နွေရာသီမီးဘေးကြိုတင်ကာကွယ်ရေးအနေဖြင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် မီးသတ်ရေကန်ပေါင်း (၁၅)ကန်အနက်  မီးသတ်က အသုံးပြုနိုင်သည့် ကန်(၆)ကန်ကို ၂၀၂၀ ခုနှစ်၊ ဖေဖေါ်ဝါရီလအတွင်း ရှင်းလင်းပြုပြင်ခြင်းနှင့် ရေဖြည့်တင်းခြင်းများကို မီးသတ်တပ်ဖွဲ့က ဆောင်ရွက်ထားကြောင်း သိရသည်။

ကျွန်တော်တို့ ဒီမှာ မိုးလည်းနည်းတယ်။ ချောင်းတွေကနေ ရေယူဖို့ အခက်အခဲရှိတာဖြစ်တဲ့အတွက် တာချီလိတ်မြို့ပေါ်မှာ မီးသတ်ရေကန်တွေပေါ့။ အုတ်ရေကန်တွေက အရင်ကတည်းက ရှိတယ်။ ဒီကန်တွေကို ပြန်ပြီးတော့ သန့်ရှင်းရေးလုပ်တယ်။ ပျက်နေတဲ့အမိုးတွေပြုပြင်ပြီးသန့်ရှင်းရေးလုပ်၊ ဆေးသုတ်ပြီးတော့ ရေဖြည့်တင်းခြင်း လုပ်ငန်းတွေ ဆောင်ရွက်နေတာဖြစ်ပါတယ်

ဟု တာချီလိတ်ခရိုင်မီးသတ်ဦးစီးမှူး ဦးကျော်ကိုကိုက တာချီလိတ်သတင်းအေဂျင်စီသို့ပြောသည်။   

တာချီလိတ်မြို့ရွိ ရပ်ကွက် (၁၁)ခုတွင် ရေဂါလံ (၂,၅၀၀) မှ ဂါလံ (၆,၀၀၀) ဆံ့ အုတ်ရေကန်ပေါင်း (၁၅) ကန်ရှိသော်လည်း မီးသတ်တပ်ဖွဲ့က အသုံးပြုနိုင်သည့် ရေကန် (၆) ကန်သာရှိနေပြီး အဆိုပါ မီးသတ်ရေကန်များမှာလည်း အနီးရှိ ဈေးဆိုင်များမှ စွန့်ပစ်အမှိုက်များရှိနေခြင်းဖြစ်ကြောင်း သိရသည်။

ရပ်ကွက်လမ်းဆုံတွေပေါ့။ မီးသတ်ယာဉ်အလွယ်တကူရပ်ပြီး ရေယူလို့ရတဲ့နေရာမျိုးတွေမှာ အနည်းဆုံး ဂါလံ (၅,၀၀၀) လောက်ရှိရင် ပိုကောင်းပါတယ်။ တကယ့်တကယ် အရေးအကြောင်း ရေလိုက်ရှာရတာထက်စာရင် ကိုယ့်ရပ်ကွက်ထိပ်မှာရှိတဲ့ ရေကန်ကနေထိုင်ပြီး ရေစုပ်ပြီးတော့ မီးငြိမ်းသတ်မယ်ဆို ထိရောက်စွာ ငြိမ်းသတ်နိုင်မယ်။ မြန်မြန်ငြိမ်းလိုက်မယ်ဆိုရင် ဆုံးရှုံးမှုနည်းနည်းနဲ့ မီးလောင်မှုမကြီးတော့ဘူးပေါ့

ဟု တာချီလိတ်ခရိုင် မီးသတ်ဦးစီးမှူး ဦးကျော်ကိုကိုက ပြောသည်။

လက်ရှိတွင် ပုန်းထွန်ရပ်ကွက် ဗိုလ်ချုပ်လမ်းဘေး ဂါလံ (၅,၀၀၀) ဆံ့ မီးသတ်ရေကန် (၁) ကန်၊ တာလော့ရပ်ကွက် ကျောက်တိုင်ကွင်းအတွင်း ဂါလံ (၃,၀၀၀) ဆံ့ မီးသတ်ရေကန် (၁) ကန်၊ မကာဟိုခမ်းရပ်ကွက်ရှိ ဆေးရုံဟောင်းဘေးတွင် ဂါလံ (၃,၀၀၀) ဆံ့ မီးသတ်ရေကန် (၁) ကန်၊ ဝမ်ကောင်းရပ်ကွက်ရှိ  ပြည်သူ့ဆေးရုံကြီးဘေးတွင် ဂါလံ (၅,၀၀၀) ဆံ့ မီးသတ်ရေကန် (၁) ကန်၊ ဆန်ဆိုင်း(က)ရပ်ကွက်ရှိ ဆန်ဆိုင်းအခြေခံပညာအထက်တန်းကျောင်းရှေ့တွင် ဂါလံ (၃,၀၀၀) ဆံ့ မီးသတ်ရေကန် (၁) ကန်၊ ဆေခမ်းရပ်ကွက်ရှိ စက်မှုဇုန်အနီးတွင် ဂါလံ (၆,၀၀၀) ဆံ့ မီးသတ်ရေကန် (၁) ကန် စုစုပေါင်း မီးသတ်ရေကန် (၆) ကန်ကို သန့်ရှင်းရေးပြုလုပ်ပြီး ရေဖြည့်တင်းမှုများ လုပ်ဆောင်ထားကြောင်း သိရသည်။

ပွင့်လင်းရာသီစတင်ချိန် ဖေဖေါ်ဝါရီလအတွင်း တာချီလိတ်မြို့၌ တောမီးလောင်ခြင်း၊ ဂက်စ်အိုးမှ မီးလောင်ခြင်းများ ဖြစ်ပွားခဲ့သော်လည်း အချိန်မီငြှိမ်းသတ်နိုင်ခဲ့၍ ဆုံးရှုံးမှုအနည်းငယ်သာရှိခဲ့သည်။

Tachileik News Agency
သတင်း  - ဟန်စိုးထိုက်

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~