တာချီလိတ်မြို့တွင် ဆိုင်ကယ်ဖြင့် တိုက်ပြေးခံရ၍ အမျိုးသမီးတစ်ဦး သေဆုံး

တာချီလိတ်မြို့တွင် ဆိုင်ကယ်ဖြင့် တိုက်ပြေးခံရ၍ အမျိုးသမီးတစ်ဦး သေဆုံး

 ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် အမျိုးသမီးတစ်ဦး  ဆိုင်ကယ်တစ်စီး၏ တိုက်ပြေးမှုကို ခံရပြီးနောက် ဦးခေါင်းဒဏ်ရာဖြင့် ဆေးရုံတွင် သေဆုံးသွားကြောင်း သိရသည်။

ယနေ့ ၂၀၂၂ခုနှစ် စက်တင်ဘာလ(၂၉)ရက်နေ့ ည(၇)နာရီခွဲဝန်းကျင်အချိန်က တာချီလိတ်မြို့ အခြေခံပညာအထက်တန်းကျောင်း(တာချီလိတ်)ရှေ့တွင် အသက်(၅၀)ကျော် အမျိုးသမီးတစ်ဦးကို ဆိုင်ကယ်တစ်စီးမှ အရှိန်ပြင်းစွာ တိုက်မိပြီးနောက် ဆိုင်ကယ်မှာ ထွက်ပြေးသွားကြောင်း သိရသည်။

ယင်းသို့ ဖြစ်ပွားမှုကြောင့် အဆိုပါ အမျိုးသမီးတစ်ဦးမှာ ဦးခေါင်းဒဏ်ရာရရှိထားရမှ ဦးလှမိုး (တာချီလိတ်)လူမှုကူညီရေးအသင်းက ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးထားရာ ဆေးရုံတွင် ရောက်ရှိပြီး မကြာမီတွင် သေဆုံးသွားကြောင်း သိရသည်။

သေဆုံးသူ အမျိုးသမီးမှာ တာချီလိတ်မြို့တွင် ပျံကျနေထိုင်သူ တစ်ဦးဖြစ်သည်ဟု သိရသည်။

တာချီလိတ်မြို့တွင် စက်တင်ဘာလအတွင်း၌ ယာဉ်တိုက်မှုများ နေ့စဉ်နီးပါး ဖြစ်ပွားနေပြီး ထိခိုက်ဒဏ်ရာရရှိမှုကနေ သေဆုံးမှုများအထိ ဖြစ်ပွားနေသည်။

Photo:  ဦးလှမိုး (တာချီလိတ်)လူမှုကူညီရေးအသင်း