တာချီလိတ်မှ ဟိုတယ်ဝန်ထမ်းများရဲ့ ဘဝလုံခြုံရေး နှင့် အလုပ်အကိုင် အခွင့်အလမ်း ပိုမိုရရှိအောင် ဆောင်ရွက်မည်ဟုဆို

တာချီလိတ်မှ ဟိုတယ်ဝန်ထမ်းများရဲ့ ဘဝလုံခြုံရေး နှင့် အလုပ်အကိုင် အခွင့်အလမ်း ပိုမိုရရှိအောင် ဆောင်ရွက်မည်ဟုဆို
ဖေဖော်ဝါရီ 18, 2020
By Tachileik News Agency
 တာချီလိတ်မှ ဟိုတယ်ဝန်ထမ်းများရဲ့ ဘဝလုံခြုံရေး နှင့် အလုပ်အကိုင် အခွင့်အလမ်း ပိုမိုရရှိအောင် ဆောင်ရွက်မည်ဟုဆို

နယ်စပ်ဒေသ တာချီလိတ်မြို့နယ်အတွင်းထဲက ဟိုတယ်ဝန်ထမ်းတွေရဲ့ ဘဝလုံခြုံဖို့နဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေ ပိုမိုရရှိစေဖို့ ဆောင်ရွက်သွားမှာ ဖြစ်ကြောင့် ရွှေတြိဂံဇုန်အသင်းရဲ့ ဥက္ကဌ အဖြစ် ရွေးချယ်ခံရသူ ဟိုတယ်တာချီလိတ်မှ ဦးထွန်းနေဦးက ပြောကြားလိုက်ပါတယ်။

ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့နဲ့ တာချီလိတ်မြို့က ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်း စုစုပေါင်း (၇၀) ကိုကိုယ်စားပြုတဲ့ မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း(ရွှေတြိဂံဇုန်)ရဲ့ အလုပ်အမှုဆောင်အဖွဲ့ကို အဖွဲ့ဝင် (၁၇) ဦးနဲ့ ၂၀၂၀ခုနှစ် ဖေဖော်ဝါရီလ(၁၄)ရက်နေ့က ကျိုင်းတုံမြို့မှာ ရွေးချယ်ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။

မိမိဒေသနဲ့ကိုက်ညီမယ့် ခရီးသွားလုပ်ငန်းအမျိုးအစားတွေကို ဖော်ဆောင်ဖို့လို့ကြောင်း ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနရဲ့ တာချီလိတ်ရုံးခွဲက လက်ထောက်ညွှန်ကြားရေးမှူး ဦးရန်နိုင်ဝင်းက တိုက်တွန်းပြောကြားလိုက်ပါတယ်။

မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း(ရွှေတြိဂံဇုန်)ရဲ့ အလုပ်အမှုဆောင်သစ်မိတ်ဆက်ပွဲနဲ့ ဟိုတယ်ဝန်ထမ်းများမိတ်ဆုံစားပွဲ အခမ်းအနားကို ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ (၁၇) ရက်နေ့ ညနေ (၆) နာရီအချိန်က ဟိုတယ်တာချီလိတ်မှာ ကျင်းပခဲ့ရာမှာ ဟိုတယ်လုပ်ငန်းရှင်တွေ၊ ဖိတ်ကြားထားသူတွေနဲ့ ဟိုတယ်ဝန်ထမ်းတွေ ထောင်နဲ့ချီတက်ရောက်ခဲ့ကြပါတယ်။

Tachileik News Agency
တင်ဆက် - ကိုဇောင်း
သတင်းရိုက်ကူး - ဟန်စိုးထိုက်

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~