စိုက်ပျိုးရေးသီးနှံထွက် အရည်အသွေးများ ထိခိုက်ပျက်စီး ဆုံးရှုံးမှု မရှိစေရေး ပါဝင်သည့် GAP လှုပ်ရှားမှု မိုင်းယောင်းမြို့တွင် စတင်

စိုက်ပျိုးရေးသီးနှံထွက် အရည်အသွေးများ ထိခိုက်ပျက်စီး ဆုံးရှုံးမှု မရှိစေရေး ပါဝင်သည့် GAP လှုပ်ရှားမှု မိုင်းယောင်းမြို့တွင် စတင်
ဖေဖော်ဝါရီ 5, 2020
By Tachileik News Agency

စိုက်ပျိုးရေးသီးနှံထွက် အရည်အသွေးများ ထိခိုက်ပျက်စီး ဆုံးရှုံးမှု မရှိစေရေး ပါဝင်သည့် GAP လှုပ်ရှားမှု မိုင်းယောင်းမြို့တွင် စတင်

စိုက်ပျိုးရေးသီးနှံထွက် အရည်အသွေးများ ထိခိုက်ပျက်စီး ဆုံးရှုံးမှု မရှိစေရေး နှင့် ထိန်းသိမ်းကာကွယ်ရေးရည်ရွယ်ချက် ပါဝင်သည့်  စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်း (Good Agricultural Practices Campaign )လှုပ်ရှားမှုကို ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်အတွင်း ဖြစ်သည့် မိုင်းယောင်းမြို့နယ်တွင် ၂၀၂၀ခုနှစ် ဖေဖော်ဝါရီလ(၅)ရက်နေ့က စ၍  ဆောင်ရွက်နေကြောင်း သိရသည်။

မိုင်းယောင်းမြို့တွင် ပြုလုပ်သည့်  GAP Campaign တွင်  GAP Campaign အထိမ်းအမှတ်ဖြစ်သော GAP မှတ်တမ်းများကို တောင်သူများအားလုံးသို့  ဖြန့်ဝေပေးခြင်း၊ လူစည်ကားသည့် နေရာတွင် လှုံ့ဆော်ဆိုင်းဘုတ်ဗီနိုင်းပိုစတာ စိုက်ထူခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများကို ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်ကာ ဆောင်ရွက်နေခြင်း ဖြစ်ကောင်း သိရသည်။

အဆိုပါ GAP Campaign ကို ဖေဖော်ဝါရီ (၅)ရက်မှ ဖေဖော်ဝါရီလ (၇)ရက်နေ့အထိ ပြုလုပ်သွားမည်ဖြစ်ပြီး GAP Campaign တွင် ရှမ်းပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန လက်အောက်ရှိ ပြည်နယ်/ခရိုင်မြို့နယ် ဝန်ထမ်းများ၏ Facebook Profile Photo များအား Campaign ကျင်းပမည့် ဖေဖော်ဝါရီ ၅၊ ၆၊ ၇ ရက်နေ့များတွင် Shan State GAP Campaign အမှတ်တံဆိပ်ဖြင့် ပြောင်းလဲခြင်းများလည်း ပါဝင်ကြောင်း သိရသည်။

ရှမ်းပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနက စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်း (Good Agricultural Practices Campaign )လှုပ်ရှားမှုများကို အစားအစာများ စားသုံးခြင်းမှ ဖြစ်ပေါ်စေတတ်သော ဘေ းအန္တရာယ်များ ကင်းရှင်းပြီး စိတ်ချယုံကြည်မှု ရရှိစေရန်၊ သီးနှံများ၏ အရည်အသွေး ထိခိုက်ပျက်စီးဆုံးရှုံးမှုအား ထိန်းသိမ်းကာကွယ်နိုင်စေရန်၊ ပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ခြင်းဖြင့် ရေရှည်တည်တံ့ခိုင်မြဲသော စိုက်ပျိုးရေးနည်းစနစ် ထူထောင်လာနိုင်စေရန် နှင့် လုပ်သားများ၏ ကျန်းမာရေး လူမှုဘဝ သာယာဝပြောရေး အလေးထား ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ကာ လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း သိရသည်။

စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်း(Good Agricultural Practices) ဆိုသည်မှာ မြေပြုပြင်စိုက်ပျိုးထုတ်လုပ်သည်မှ စားသုံးသူ လက်ဝယ်ရောက်သည်အထိ ထုတ်လုပ်မှု ကွင်းဆက်တိုင်းမှာ စားသုံးသူအတွက် အန္တရာယ်ဖြစ်စေသည့် ကူးစက် ညစ်ညမ်းမှုများ အနည်းဆုံးဖြစ်စေရန်အတွက် လိုက်နာရမည့် နည်းလမ်းများကို စုစည်းထားသည့် စံလုပ်ထုံးလုပ်နည်းလမ်းညွန်မှုများဖြစ်ကြောင်း မိုင်းယောင်းမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်

Tachileik News Agency
သတင်း - စိုင်းအောင်ဇော်လင်း

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~