တာချီလိတ်၌ ဖေဖော်ဝါရီလ(၂၉)ရက်နေ့တွင် ကျင်းပမည့် စာပေဟောပြောပွဲအား ဟိုတယ်တာချီလိတ်သို့ နေရာပြောင်းရွှေ့ ကျင်းပမည်

တာချီလိတ်၌ ဖေဖော်ဝါရီလ(၂၉)ရက်နေ့တွင် ကျင်းပမည့် စာပေဟောပြောပွဲအား ဟိုတယ်တာချီလိတ်သို့ နေရာပြောင်းရွှေ့ ကျင်းပမည်
ဖေဖော်ဝါရီ 28, 2020
By Tachileik News Agency
တာချီလိတ်၌ ဖေဖော်ဝါရီလ(၂၉)ရက်နေ့တွင် ကျင်းပမည့် စာပေဟောပြောပွဲအား ဟိုတယ်တာချီလိတ်သို့ နေရာပြောင်းရွှေ့ ကျင်းပမည်

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ၂၀၂၀ခုနှစ် ဖေဖော်ဝါရီလ(၂၉)ရက်နေ့ ည(၇)နာရီ၌ ကျင်းပမည့် စာပေဟောပြောပွဲကို အောင်မြတ်ခန်းမတွင် မကျင်းပတော့ဘဲ ဟိုတယ်တာချီလိတ်သို့ ပြောင်းရွှေ့ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ်( COVID - 19 )လတ်တလော အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါ ဖြစ်ပွားသူ မတွေ့ရှိရသေးသော်လည်း လူစုလူဝေးမှ တဆင့် ရုတ်တရက်တစ်ပြိုင်နက် တွေ့ရှိလာနိုင်သည့် အတွက် လူစုလူဝေး နှင့် ပွဲလမ်းသဘင်များအား ရှောင်ကြဉ်ကြရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ၂၀၂၀ခုနှစ် ဖေဖော်ဝါရီလ (၂၃)ရက်နေ့ ည(၁၀)နာရီခွဲက ထုတ်ပြန်ကြေညာထားရှိသည့်အတွက် အစိုးရ ဌာနဆိုင် ခန်းမတွင် မပြုလုပ်တော့ဘဲ ဟိုတယ်တာချီလိတ်တွင် ပြောင်းရွှေ့ကျင်းရန် စီစဉ်ခြင်း ဖြစ်ကြောင်း သိရသည်။

“ခန်းမအသုံးပြုခွင့်အတွက် တင်ပြတော့ စာပေဟောပြောပွဲကိုမပိတ်ဘူး။ ဒါပေမဲ့ လူစုလူဝေးပွဲဖြစ်လို့ ဌာနခန်းမမှာတော့ ခွင့်မပြုဘူးလို့ အကြောင်းပြန်လာလို့  ဟိုတယ် တာချီလိတ်မှာ ပြောင်းလိုက်တာပါ။ ကျင်းပမယ့်နေရာပဲပြောင်းတယ်။ အချိန်ရော ဟောပြောမယ့် စာရေးဆရာတွေရော မပြောင်းပါဘူး”ဟု တာချီလိတ်မြို့နယ်စာရေးဆရာအသင်း ဥက္ကဌ ဦးစံသိန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ စာပေဟောပြောပွဲအား တာချီလိတ်မြို့နယ်စာရေးဆရာအသင်းက ကြီးမှူးကျင်းပခြင်းဖြစ်ပြီး စာရေးဆရာ အရိုး နှင့် စာရေးဆရာမများ ဖြစ်သည့် မသီတာ(စမ်းချောင်း)၊ စမ်းစမ်းနွဲ့(သာယာဝတီ)တို့က ဟောပြောသွားမှာ ဖြစ်ကြောင်း သိရသည်။

စာပေဟောပြောပွဲသို့ မည်သူမဆို လာရောက်ကာ အခမဲ့ ကြည့်ရှု နားဆင် အားပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~