ရှမ်း(အရှေ့) မိုင်းဖြတ်မြို့တွင် ဆုံဆို့နာကာကွယ်ဆေး အပါအဝင် အမှီလိုက်ကာကွယ်ဆေးထိုးရန် ကျန်ရှိသူများကို စက်တင်ဘာလဆန်း၌ ထပ်မံထိုးနှံပေးမည်

ရှမ်း(အရှေ့) မိုင်းဖြတ်မြို့တွင် ဆုံဆို့နာကာကွယ်ဆေး အပါအဝင် အမှီလိုက်ကာကွယ်ဆေးထိုးရန် ကျန်ရှိသူများကို စက်တင်ဘာလဆန်း၌ ထပ်မံထိုးနှံပေးမည်
သြဂုတ် 30, 2020
By Tachileik News Agency
ရှမ်း(အရှေ့) မိုင်းဖြတ်မြို့တွင် ဆုံဆို့နာကာကွယ်ဆေး အပါအဝင် အမှီလိုက်ကာကွယ်ဆေးထိုးရန် ကျန်ရှိသူများကို စက်တင်ဘာလဆန်း၌ ထပ်မံထိုးနှံပေးမည်
ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းဖြတ်မြို့တွင် ဆုံဆို့နာရောဂါကာကွယ်ဆေးအပါအဝင် အမှီလိုက် ကာကွယ်ဆေးထိုးခြင်းအစီအစဉ်တွင် ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသူများအား ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလဆန်းတွင် ထပ်မံထိုးနှံပေးမည်ဖြစ်ကြောင်း သိရသည်။
မိုင်းဖြတ်မြို့တွင် ဆုံဆို့နာရောဂါကာကွယ်ဆေး အပါအဝင် အမှီလိုက်ကာကွယ်ဆေးထိုးခြင်း ဒုတိယနေ့အဖြစ် သြဂုတ်လ (၂၉)ရက်နေ့၌ စုရပ် (၄)နေရာတွင် ထိုးနှံပေးသွားရန် မူလကစီစဉ်ခဲ့သော်လည်း မိုင်းဖြတ်အတွက် ထုတ်ယူထားသည့် ကာကွယ်ဆေးမလုံလောက်၍ စုရပ် (၁)နေရာတွင်သာ ထိုးနှံပေးနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
"ကျန်ရှိနေတဲ့ စုရပ်(၃)ခုက ကလေးတွေကိုတော့  ဆေးမလောက်လို့ ပြည်နယ်ကိုလှမ်းတောင်းထားပါတယ် ပြည်နယ်မှာလည်း ကုန်နေတဲ့အတွက် ဒီလကုန်လောက်ဆိုရင်တော့ ကလေးတွေကို ကာကွယ်ဆေး ထိုးပေးဖြစ်မှာပါ "ဟု မိုင်းဖြတ်မြို့နယ် ဆရာဝန်ကြီး ဒေါက်တာ ကျော်မျိုးဇော်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
မိုင်းဖြတ်မြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာ/တပ်နယ် စသည်များမှ ပေးပို့လာသည့် စာရင်းမှာ စုစုပေါင်း (၁,၄၂၇)ဦးရှိခဲ့သော်လည်း သြဂုတ်လ (၂၈)ရက်နေ့နှင့် (၂၉)ရက်နေ့ နံနက်ပိုင်းအထိ ဆေးလာထိုးသူစာရင်းမှာ (၁,၉၀၆)ဦးဖြစ်သဖြင့် ဆေးမလုံလောက်ခြင်း ဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရှိရသည်။
“ကာကွယ်ဆေးပို့မယ့် အအေးခန်းကားတွေက (၃၁)ရက်နေ့ ထွက်မှာပါ။ မိုင်းဖြတ်က ဆေးမလုံလောက်ဘူးဆိုတာ သူတို့က ဆေးထုတ်ယူတာ နောက်ကျသွားတာ။ သူတို့ စာရင်းတင်တာ နောက်ကျတော့ ကျန်တဲ့မြို့နယ်တွေက အသီးသီးထုတ်သွားကြတယ်။ မိုင်းဖြတ်က စာရင်းတင်တာနောက်ကျပြီး ထုတ်တာနောက်ကျသွားတာ”ဟု ရှမ်းပြည်နယ်(အရှေ့ပိုင်း) ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဘစိုးသက်က ပြောသည်။
မိုင်းဖြတ်မြို့မှ အသက် (၁၅)နှစ်အောက် ကလေးများအနက်မှ  ကာကွယ်ဆေးထိုးနှံရန် လိုအပ်သည့် ကလေးများကို စက်တင်ဘာလဆန်း၌ ဈေးတန်းရပ်ကွက်ရုံး၊ ဝမ်မိုင်ရပ်ကွက် ဘုန်းတော်ကြီးကျောင်းနှင့် ဝမ်ပုံကျေးရွာ ဘုန်းတော်ကြီးကျောင်းတို့တွင် စုရပ်သတ်မှတ် ထိုးနှံပေးသွားမည်ဖြစ်ပြီး ဆေးထိုးနှံမည့်ရက်ကို ကြိုတင်အသိပေးသွားမည်ဖြစ်ကြောင်း သိရသည်။
Tachileik News Agency
သတင်း/ဓာတ်ပုံ - ကိုသာ
 
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~