COVID-19 ကြောင့် တာချီလိတ် - မယ်ဆိုင်အကြားရှိ တံတား(၁)ကိုပိတ်ထားသည့် ကာလအတွင်း မယ်ဆိုင်ချောင်းမှတဆင့် တာချီလိတ်သို့ ဝင်ရောက်လာသူများရှိနေ၍ အချို့နေရာတွင် သံဆူးကြိုးဖြင့် ကာရံတားမြစ်ထား

COVID-19 ကြောင့် တာချီလိတ် - မယ်ဆိုင်အကြားရှိ တံတား(၁)ကိုပိတ်ထားသည့် ကာလအတွင်း မယ်ဆိုင်ချောင်းမှတဆင့် တာချီလိတ်သို့ ဝင်ရောက်လာသူများရှိနေ၍ အချို့နေရာတွင် သံဆူးကြိုးဖြင့် ကာရံတားမြစ်ထား
မတ် 25, 2020
By Tachileik News Agency
COVID-19 ကြောင့် တာချီလိတ် - မယ်ဆိုင်အကြားရှိ တံတား(၁)ကိုပိတ်ထားသည့် ကာလအတွင်း မယ်ဆိုင်ချောင်းမှတဆင့် တာချီလိတ်သို့ ဝင်ရောက်လာသူများရှိနေ၍ အချို့နေရာတွင် သံဆူးကြိုးဖြင့် ကာရံတားမြစ်ထား

COVID-19 ကြောင့် မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ် နှင့် မယ်ဆိုင်အကြားရှိ ချစ်ကြည်ရေးတံတား(၁)အား မယ်ဆိုင်ဘက်က ပိတ်ထားလိုက်သည့်အတွက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားအချို့မှ မယ်ဆိုင်ချောင်း တစ်လျှောက် တရားမဝင် ဝင်ပေါက်များမှ တဆင့် ခိုးဝင်လာသည်များရှိသည့်အတွက် ချောင်းတစ်လျှောက် လုံခြုံရေးအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်နေသော်လည်း ဆက်လက်ဝင်လာနေသည်များရှိ‌နေခြင်း‌ကြောင့် ဆန်ဆိုင်း(ခ)ရပ်ကွက် ပြည်သူ့စစ်ဆေး ဂိတ်နှင့် မနီးမဝေးတွင် သံဆူးကြိုးများဖြင့် မတ်လ(၂၅)ရက်နေ့တွင် ကာရံနေကြောင်း သိရသည်။

မယ်ဆိုင်မြို့မှ တစ်ဆင့် တာချီလိတ်ဘက်သို့ ဆန်ဆိုင်း(က)၊ ဆန်ဆိုင်း(ခ) နှင့် မယ်ခေါင်ရပ်ကွက် အပိုင်း မယ်ဆိုင်ချောင်းဘေးတစ်လျှောက် လုံခြုံရေး မရှိသည့်နေရာများတွင် နေ့ရော ညပါ နည်းနည်းစီ ဝင်ရောက်လာကြောင်း ကြားသိရသည်။

မယ်ခေါင်ဘက်မှာဆို လုံခြုံရေးမရှိတဲ့ဘက်မှာ ည(၂)နာရီလောက်ဆိုလည်း ကူးလာတာတွေရှိတယ်၊ သူတို့လည်း ကိုယ့်မြန်မာနိုင်ငံကို ဝင်လာချင်လို့ လာကြတာပေါ့နော်၊  ကျွန်တော်တို့ကလည်း သူတို့ကို မလာစေချင်တာမဟုတ်ဘူး၊ လာစေချင်ပါတယ်။ ဒါပေမဲ့ မယ်ဆိုင်ဘက်ကနေ ဗိုင်းရပ်စ်ပိုးတွေ ပါလာမှာကို ကြောက်တာ။ တစ်ယောက်ဖြစ်ရင် အကုန်ကူးတာဆိုတော့ လိုအပ်ရင် စစ်တပ်ဘက်ကရော အရပ်ဘက်ကရော ပူးပေါင်းပြီး ချောင်းတစ်လျှောက် စောင့်ပေးရင် ကောင်းမယ်ဗျ။

ဟု မယ်ခေါင်ရပ်ကွက်နေ ဦးလှမြိုင်က အကြံပြုထောက်ပြသည်။

မယ်ဆိုင်ချောင်းတစ်လျှောက်ရှိ ပြည်သူ့စစ်ဆေးဂိတ်များတွင် ရပ်ကွက်ပြည်သူ့စစ် နှင့် သက်ဆိုင်ရာရပ်ကွက်ရုံးများမှ တာဝန်ရှိသူများ အပါအဝင် ရဲတပ်ဖွဲ့ဝင်များဖြင့် စောင့်ကြပ်ပေးနေသော်လည်း ချောင်းကူးလာသူများမှာ ဂိတ်မရှိ အစောင့်မရှိသည့် နေရာများမှ တဆင့် ဝင်ရောက်လာမှုများရှိနေသည့်အတွက် COVID-19 ကာကွယ်ရန် အစီအစဉ်ကောင်းများ ဒေသခံများက လိုလားနေကြောင်း သိရသည်။

မယ်ဆိုင်ချောင်းတစ်လျှောက် တရားမဝင် ဝင်ပေါက်များမှ မယ်ဆိုင်မြို့မှ တဆင့် တာချီလိတ်သို့ ဝင်ရောက်လာသူများသည် ထိုင်းနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်သွားခဲ့ကြသူများနှင့် ရက်ကျော်နေထိုင်သူများဖြစ်ကြောင်း သိရသည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~