တာချီလိတ်ရှိ တံတား(၂)မှ တဆင့် ထိုင်းနိုင်ငံသို့ ပထမဆုံး ပြောင်းဆန်တင်ပို့ခဲ့ပြီးနောက် နောက်ထပ် တန်ချိန်နှစ်သောင်းတင်ပို့ရန် စီစဉ်

တာချီလိတ်ရှိ တံတား(၂)မှ တဆင့် ထိုင်းနိုင်ငံသို့ ပထမဆုံး ပြောင်းဆန်တင်ပို့ခဲ့ပြီးနောက် နောက်ထပ် တန်ချိန်နှစ်သောင်းတင်ပို့ရန် စီစဉ်
ဖေဖော်ဝါရီ 9, 2020
By Tachileik News Agency
တာချီလိတ်ရှိ တံတား(၂)မှ တဆင့် ထိုင်းနိုင်ငံသို့ ပထမဆုံး ပြောင်းဆန်တင်ပို့ခဲ့ပြီးနောက် တန်ချိန်နှစ်သောင်းတင်ပို့ရန် စီစဉ်

တာချီလိတ်မြို့ရှိ မြန်မာ-ထိုင်း ချစ်ကြည်ရေး အမှတ်(၂)တံတားမှတဆင့် ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ (၁) ရက်နေ့တွင် ထိုင်းနိုင်ငံသို့ ပထမဆုံးအကြိမ်အဖြစ် ပြောင်းဆန်များကို မော်တော်ယာဉ် (၅) စီးဖြင့် တင်ပို့နိုင်ခဲ့ပြီးနောက် တန်ချိန်နှစ်သောင်း တင်ပို့နိုင်ရေး စီစဉ်နေကြောင်း သိရသည်။

ဖေဖော်ဝါရီ (၁) ရက်နေ့က စပို့တာ။ လက်ရှိ ကားအစီးရေ (၃၀) ကျော်သွားပြီ။ ကျွန်တော်တို့ ထိုင်းနဲ့ တန်ချိန် နှစ်သောင်းပို့ဖို့ စာချုပ်ချုပ်ထားတယ်

ဟု ရွှေနန့်ပန်းကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ပြောသည်။

ထိုင်းနိုင်ငံအနေဖြင့် ၂၀၁၉ ခုနှစ်မှစတင်ပြီး မြန်မာနိုင်ငံမှ ပြောင်းဆန်များကို စတင်ဝယ်ယူခဲ့ပြီး ၂၀၂၀ ခုနှစ်တွင် မြဝတီနယ်စပ်မှတဆင့် ပြောင်းတန်ချိန် တစ်သန်းဝယ်ယူရန်အတွက် MoU ရေးထိုးခဲ့ကြောင်း၊ မူဆယ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ တရုတ်နိုင်ငံသို့ ပြောင်းဆန်များတင်ပို့နေမှုကျဆင်းလာသဖြင့် တာချီလိတ်မြို့နယ် ကျိုင်းလပ်မြို့ရှိ မြန်မာ - လာအိုချစ်ကြည်ရေးတံတားမှတဆင့် တရုတ်နိုင်ငံသို့ ပြောင်းဆန်များတင်ပို့နေရာတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် နယ်စပ်ဂိတ်များ ပိတ်ပင်ထားသဖြင့် လမ်းကြောင်းသစ်အနေဖြင့် ထိုင်းနိုင်ငံသို့ တင်ပို့နိုင်ရေးကြိုးစားနေပြီး ဖေဖော်ဝါရီလအတွင်း မြန်မာ-ထိုင်း ချစ်ကြည်ရေးအမှတ်(၂) တံတားမှတဆင့် ပထမဆုံးတင်ပို့နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်နယ်အတွင်း ပြောင်းစိုက်ပျိုးမှု အများအပြားရှိနေပြီး အဓိကထွက်ရှိသည့် ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီး၊ နမ့်စန်ဒေသမှ ပြောင်းဆန်များကို မူဆယ်နယ်စပ်သို့တင်ပို့ရာတွင် အနည်းဆုံး (၂) ရက်ခန့်အချိန်ပေးရပြီး လမ်းပိတ်ဆို့မှု ဖြစ်ပွားပါက (၄) ရက်ခန့်ကြာမြင့်ကြောင်း၊ မြဝတီနယ်စပ်သို့ တင်ပို့ရာတွင် အချိန် (၄) ရက်ခန့် ကြာမြင့်ကြောင်း၊ တာချီလိတ်နယ်စပ်သို့ အချိန် (၁၈) နာရီသာ ကြာမြင့်သဖြင့် သယ်ယူစရိတ်လျော့နည်းပြီး အချိန်ကုန်သက်သာသဖြင့် လမ်းကြောင်းသစ်အနေဖြင့် တင်ပို့နိုင်ရန် စီစဉ်နေကြောင်း သိရသည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~