စစ်တပ်၏ လွှမ်းမိုးမှုအများဆုံး ဒေသဖြစ်သည့် မိုင်းဖြတ်မြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး လူမဲ့ သပိတ်လုပ်ဆောင်

စစ်တပ်၏ လွှမ်းမိုးမှုအများဆုံး ဒေသဖြစ်သည့် မိုင်းဖြတ်မြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး လူမဲ့ သပိတ်လုပ်ဆောင်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်ခရိုင်အတွင်း၊ အာဏာသိမ်းစစ်ကောင်စီ၏ စစ်တပ်များ ဝန်းရံထားသည့် မိုင်းဖြတ်မြို့တွင် စစ်အာဏာရှင်ကိုမလိုလားသည့် ပြည်သူများက စစ်အာဏာရှင်ဆန့်ကျင်ရေးအဖြစ် ယနေ့ မေလ(၈)ရက်နေ့တွင် လုပ်ဆောင်ခဲ့ကြသည်။



မြို့နယ်နိမိတ်လည်း ကျဉ်း၊ အာဏာသိမ်းသူပုန်အဖွဲ့အစည်းကလည်း များပြားတဲ့အတွက် လူငယ်တွေရဲ့ အသံ ထွက်ခွင့်မရခဲ့ဘူး၊ မြို့နေသူများကလည်း မှိုင်းဝနေတာများနေသလို ဆရာ၊ဆရာမအချို့ကလည်း မှိုင်းဝနေကြတော့ မလှုပ်သာဘူး၊ ဒီနေ့တော့ ရတဲ့နည်းနဲ့ လုပ်ဆောင်နိုင်ခဲ့ပါတယ်

ဟု စစ်အာဏာရှင်ကို မလိုလားသည့် မိုင်းဖြတ်မြို့ခံ တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

 

မိုင်းဖြတ်မြို့တွင် စစ်တပ်နှင့်ပြည်သူ့စစ်အဖွဲ့တို့၏ လွှမ်းမိုးမှုကြောင့် မြို့နေပြည်သူ ထက်ဝက်ကျော် နှင့် ဝန်ထမ်းအများစုမှာ စစ်အာဏာရှင်များကို အားပေးသူများဖြစ်၍ စစ်အာဏာရှင်ဆန့်ကျင်ရေး လမ်းပေါ်ထွက် ဆန္ဒပြမှုများ လုပ်ဆောင်ရန် စီစဉ်ထားသော်လည်း ပျက်ခဲ့ရသည့်အတွက် လူမဲ့သပိတ်သာ လုပ်ဆောင်ရခြင်း ဖြစ်ကြောင်း သိရသည်။